သရုပ်ဆောင် ဟိန်းထက်အိမ်ကို သွေးသောက်အဖွဲ့ ဝင်ပစ်၊ အဘိုး သေဆုံး

သရုပ်ဆောင် ဟိန်းထက်ဟာ အာဏာမသိမ်းခင်က MRTV-4 ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းလိုက်ချိန်မှာတော့ စစ်တပ်ကို ပြန်လည်ခုခံဖို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့သူပါ။

သရုပ်ဆောင် ဟိန်းထက် Photo-CJ

တက်သစ်စ လူငယ်သရုပ်ဆောင် ဟိန်းထက်ရဲ့ ရန်ကုန်က နေအိမ်ကို ဒီနေ့ လက်နက်ကိုင်လူတစ်စု ရောက်လာပြီး သေနတ်နဲ့ ဝင်ပစ်သွားလို့ အဘိုးဖြစ်သူ နေရာမှာတင် သေဆုံးသွားတယ်လို့ ဟိန်းထက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

ဒီပစ်ခတ်မှုဟာ သွေးသောက်(အဖွဲ့) ရန်ကုန်ရဲ့ လက်ချက်ဖြစ်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါဟာ ရန်ကုန်မှာ သွေးသောက်(အဖွဲ့) ရဲ့ ပထမဦးဆုံး သတ်ဖြတ်တဲ့ လုပ်ရပ်ပါ။

သရုပ်ဆောင် ဟိန်းထက်ဟာ အာဏာမသိမ်းခင်က MRTV-4 ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အာဏာသိမ်းလိုက်ချိန်မှာတော့ စစ်တပ်ကို ပြန်လည်ခုခံဖို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့သူပါ။

ဟိန်းထက်ကို စစ်ကောင်စီဘက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅-က နဲ့ တရားစွဲထားတာလည်းဖြစ်ပါတယ်။ အဘိုးဖြစ်သူ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ဟိန်းထက်ကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် တုံ့ပြန်ချက်မရသေးပါဘူး။

ဧပြီလ ၂၁ ရက်နေ့ကစလို့ လူသိရှင်ကြား ပေါ်ပေါက်လာတဲ့ သွေးသောက်အဖွဲ့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ၊ NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေနဲ့ သတင်းမီဒီယာသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မန္တလေးမြို့က လူရှစ်ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို အဓိက သတ်ဖြတ်နေတဲ့ ဒီသွေးသောက်အဖွဲ့ဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org