ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်း လူ ၁ သိန်းခန့် တက်ရောက်နားထောင်
နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့မှာ ၇ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို ဒီကနေ့ နေ့လည် မိန့်ခွန်း ပြောကြားရာမှာ ပရိသတ် ၁ သိန်းကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
-
2010-11-14 -
-
-
Your browser doesn’t support HTML5 audio
သူ့အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အမြဲ ကြိုးပမ်းမှာဖြစ်သလို တွေ့ဆုံဆွေးနွေးဖို့လည်း ဆန္ဒရှိကြောင်း၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်ကြောင်း၊ ဒီအရေး နှစ်ရပ်အတွက် သူ့အနေနဲ့ အမြဲတမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ဒီမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ သူ့မှာ သြဇာအာဏာ ရှိတယ်ဆိုရင် ဒီ သြဇာအာဏာကို ဒီအရေး နှစ်ရပ်အတွက် အဆုံးစွန်အထိ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
တနာရီနီးပါး ကြာတဲ့ ဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ အားလုံး အလုပ်တွဲလုပ်ဖို့ လိုကြောင်း၊ ကွဲပြားနေတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း၊ သူ့အနေနဲ့ အစိုးရ အပေါ်မှာလည်း အာဃာတ အငြိုးအတေး မထားရှိကြောင်း၊ လုံခြုံရေး အရာရှိတွေဟာ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြောင်းလည်း ပါရှိပါတယ်။
တချိန်ထဲမှာ မြန်မာပြည်သူတွေက ဆန္ဒရှိရင် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာက ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ဖယ်ရှားသွားအောင် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒီ မိန့်ခွန်းနဲ့ ပတ်သက်လို့ RFA က မခင်ခင်အိက ကောက်နှုတ် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ကောက်နှုတ်တင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်းကို RFA က ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ရဲ့ အမြင်တွေကို RFA က ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်း ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |