ကုလ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာအစိုးရ ဖိတ်ကြား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃၀ ရက်နေ့ ကနေ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder Debebe) UN Photo/Eskinder Debebe

သူ့ခရီးစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံးက ထုတ်ပြန်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံက လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ ရခိုင်ပြည်နယ်က အကြမ်းဖက် မှုတွေ၊ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်က အခြေအနေတွေကို လေ့လာ စုံစမ်းမယ်လို့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မစ္စတာ ကင်းတားနားဟာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုအခြေပြု လူထု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ခရီးစဉ် ပြီးဆုံးမယ့် သြဂုတ်လ ၄ ရက်နေ့ ကျရင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org