လူမျိုးတုံး သတ်ဖြတ်မှုမရှိကြောင်း မှတ်တမ်းရုပ်ရှင်နဲ့ ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ မီဒီယာတချို့မှာ ဖော်ပြနေတာတွေဟာ တစ်ဖက် သက်ဖြစ်တဲ့အကြောင်း လူမျိးစုတွေရဲ့ ရိုးရာတေးဂီတတွေကို လေ့လာနေတဲ့ အမေရိကန်နိုင်ငံသား Mr. Rick Heizman ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဒီကနေ့ ပြသခဲ့ပါတယ်။

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုမရှိကြောင်း မှတ်တမ်းရုပ်ရှင်နဲ့ ဟောပြောပွဲကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ မီဒီယာတချို့မှာ ဖော်ပြနေတာတွေဟာ တစ်ဖက်သက်ဖြစ်တဲ့အကြောင်း လူမျိးစုတွေရဲ့ ရိုးရာတေးဂီတတွေကို လေ့လာနေတဲ့ အမေရိကန်နိုင်ငံသား Mr. Rick Heizman ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ကို ဒီကနေ့ ပြသခဲ့ပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ "The Hidden Reality of Rakhine Situation behind the Media Mask”ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ပြသခဲ့ တာဖြစ်ပြီး အဲဒီပွဲကို နိုင်ငံတကာ သံတမန်တွေ၊ သမ္မတ ဦးသိန်းစိန် အစိုးလက်ထက်က ပါဝင်ခဲ့တဲ့ အစိုးရ အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အခုလို နိုင်ငံတကာသံတမန်တွေနဲ့ မီဒီယာတွေကိုပြသမှုကြောင့် ကမ္ဘာ့မီဒီယာတွေက သတင်းတုတွေကိုလည်း ချေဖျက်နိုင်မှာဖြစ်တဲ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်တွေရဲ့စိတ်တွေကိုလည်း ပြောင်းလဲစေနိုင်မယ်လို့ ယုံကြည်တယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

ဒီပွဲရဲ့ ထူးခြားချက်က အင်္ဂလိပ်ဘာသာနဲ့ပဲ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာဘာသာနဲ့ သတင်းထောက်တွေရဲ့ မေးမြန်းတာတွေကို ဖြေကြားခြင်းမရှိဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ ရှာဖွေစုံစမ်းရေးမစ်ရှင်အဖွဲ့ FFM အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးနေတာတွေဟာ မမှန်ကန်ဘူးလို့ ဒီကနေ့ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

Mr. Rick Heizman ရိုက်ကူးခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအကြောင်း အဲဒီမှတ်တမ်းရုပ်ရှင်ကို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂအဖွဲ့အစည်းတွေထံ အောက်တိုဘာ ၁၉ ရက်နေ့က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ရခိုင်ပြည်နယ်က အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ရဲ့အန္တရာယ်၊ ပဋိပက္ခအတွင်း မွတ်စလင်တွေကို အာဆာအဖွဲ့က ကိုယ့်အိမ်ကိုမီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်ကို သွားကြဖို့ စေခိုင်းတဲ့ အကြောင်းတွေ လည်း ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org