သံတွဲမြို့ အိမ်မီးရှို့မှုများ အတွက် လူ ၄၄ ဦး ဖမ်းဆီး စစ်ဆေး

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွား ခဲ့တဲ့ နေအိမ်မီးရှို့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ စုစုပေါင်း ၄၄ ဦးကို သံတွဲမြို့ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ စုစုပေါင်း ၄၄ ဦးကို သံတွဲမြို့ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးဝင်းမြိုင်က အခုလို ပြောပါတယ်။

" နှစ်ဖက်လုံးက ၄၄ ယောက်ကို လောလောဆယ် ဖမ်းဆီးစစ်ဆေးနေတယ်၊ ကမန်ရော ရခိုင်ရောပါပါတယ်ခင်ဗျ၊ သေဆုံးတာ ၅ ယောက်၊ အသက် ၉ဝ ကျော် အဖွားကြီးတစ်ယောက်နဲ့ နောက် ၄ ယောက်ဆိုတော့ အားလုံး ၅ ယောက်၊ ဒဏ်ရာရတာ ၅ ယောက်၊ အဲ့ဒါပါပဲခင်ဗျ"

ဖမ်းဆီး စစ်ဆေးနေသူတွေထဲမှာ အခင်းဖြစ်ပွားတဲ့အထဲမှာ ပါဝင်ခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရော ကမန်တိုင်းရင်းသားတွေပါ ပါဝင်ပြီး အမျိုးသား ၄၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ပါဝင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့၊ ပေါက်တော၊ သဗြုချိုင်နဲ့ ရွှေလှေကျေးရွာတွေမှာ စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းကစတင်ပြီး အောက်တိုဘာ ၁ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁ဝဝ ကျော် မီးလောင်ပျက်ဆီးခဲ့ရပြီး လူ ၄၅ဝ နီးပါး ဒုက္ခသည်ဘဝ ရောက်ရှိခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org