သမီးလေးကျေးရွာ ဖျက်ဆီးခံရမှု ရန်ကုန်မြို့လယ်မှာ စုဝေးဆန္ဒပြ

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ အိမ်ခြေ ၄၀၀ နီးပါးလောက်ကို စစ်တပ်ပိုင်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး စစ်တပ် ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့တွေက ဖျက်ဆီးလိုက် တာကြောင့် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့နဲ့ သမီးကလေး ကျေးရွာ သားတချို့က ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က သမီးလေးကျေးရွာ ဖျက်ဆီးခံလိုက်ရတဲ့အတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြည်သူတချို့ ဆန္ဒပြနေစဉ် photo: RFA/ Kyaw Zaw Win

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေ သကြီး လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ  အိမ်ခြေ ၄၀၀ နီးပါးလောက်ကို စစ်တပ်ပိုင်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး စစ်တပ် ရဲတပ်ဖွဲ့နဲ့ စည်ပင် အဖွဲ့တွေက ဖျက်ဆီးလိုက်တာကြောင့်  ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့နဲ့ သမီးကလေး ကျေးရွာသားတချို့ က ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။

သမီးကလေးကျေးရွာနဲ့ တခြားကျူးကျော်ဆိုပြီး ဖျက်ဆီးခံရတဲ့ ကျေးရွာတွေနဲ့ ပတ်သက် ပြီး ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းလိုတယ်လို့ ဆန္ဒပြပွဲကိုဦးဆောင်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ပြောပါတယ်။

"ကျောတစ်နေရာစာကို အင်မတန်မှ ခက်ခဲနေတဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ် ရုန်းကန်ပြီးတော့မှ ပလပ်မြေလေးတွေမှာ ဆောက်နေတဲ့လူတွေကို ကျူးကျော်ပါဆိုပြီးတော့မှ စနစ်တကျနဲ့ အကြမ်းဖက်တဲ့ကိစ္စတွေ ဆက်တိုက်ဆက်ဆိုက် များလာတဲ့အပေါ်မှာ တိုင်းပြည်က အင်မတန်မှ အန္တရာယ်ကြီးမားလာတယ်၊ အဲဒီတော့ အစိုးရက လူထုကို အကြမ်းဖက်နည်းတွေကို စနစ်တကျ သင်ပေးနေတာလားဆိုတာကို ကျနော်မေးခွန်းထုတ်ချင်တယ်၊ အဲဒီအတွက် ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီးအစိုးရတွေ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက် အယုံအကြည်မရှိကြောင်း ဒီကနေ့ ကျနော် အဆိုတင်သွင်းခြင်း ဖြစ်ပါတယ်"

သမီးလေးကျေးရွာက ပြောင်းရွှေ့ပေးလိုက်ရတဲ့သူ အများစုဟာ ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာ အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းမှာလက်ရှိ ခိုလှုံနေကြတာပါ။ အဲဒီ ကျေးရွာသားတွေရဲ့ စားဝတ်နေရေးအတွက် လူမှုရေးအဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီနေကြတယ်လို့ သိရပါတယ်။

အဲဒီမှာခိုလှုံနေတဲ့ သမီးလေးကျေးရွာသားတွေအားလုံး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးစာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ကျေးရွာသားတွေက လာမယ့် မတ်လမှာ ကလေးတွေ စာမေးပွဲပြီးဆုံးမှသာ ပြောင်းရွှေ့ခွင့်ပြုဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရထံ စာရေးသားတင်ပြထားကြောင်း သိရပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org