တရားမဝင် ဝင်လာမှုနဲ့ မြန်မာနိုင်ငံသား ၂၄ ဦး ထိုင်းမှာဖမ်းဆီးခံရ

ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့ထဲ တရားမဝင် ဝင်လာတဲ့ မြန်မာ နိုင်ငံသား ၂၄ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။ မဲဆောက်မြို့ အရှေ့ဘက် ဖဝေါကျေးရွာက တောင်ယာမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦး အမျိုုးသား ၁၆ ဦးတို့ကို သတင်းအရ ထိုင်းနယ်ခြားစောင့်တပ် အမှတ်- ၁ ခြေလျင်တပ်ရင်းက ဖမ်းဆီးခဲ့တာလို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ်က စစ်ဆေးရေးဂိတ်တစ်ခုကို မေလ ၁ ရက်နေ့က တွေ့ရစဉ်။ Photo: AFP

ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့ထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၄ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။

မဲဆောက်မြို့ အရှေ့ဘက် ဖဝေါကျေးရွာက တောင်ယာမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦး အမျိုုးသား ၁၆ ဦးတို့ကို သတင်းအရ ထိုင်းနယ်ခြားစောင့်တပ် အမှတ်- ၁ ခြေလျင်တပ်ရင်းက ဖမ်းဆီးခဲ့တာလို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဒီနေ့ စက်တင်ဘာလ၁ ရက်နေ့မှာ မဲဆောက်မြို့အရှေ့ဘက် ဘန်ကောက်ကို ထွက်ရင် ဖဝေါဆိုတာရှိတယ်။ အဲ့ကနေ အတွင်းဘက်က ရွာထဲက တောင်ယာထဲမှာ နားနေတာ မြန်မာ၂၄ ယောက်။ အဲဒါကို ဒေသခံကျေးရွာသားတွေက သတင်းပေးလို့ ထိုင်းနယ်ခြားစောင့်တပ်က စောင့်ပြီး ဖမ်းတာ”

သူတို့ကို ကိုဗစ် ကူးစက်ခံရတာရှိ-မရှိ စစ်ဆေးတဲ့အခါ ကူးစက်ခံရတာ မရှိဘူးလို့ ဆိုပါတယ်။ မဲဆောက်မြို့ အကျဉ်းထောင် မှာ ဖမ်းဆီးထားပြီး သူတို့ကို ကိုဗစ်အရေးပေါ်ကာလဥပဒေနဲ့ အရေးယူနိုင်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်တစ်လလုံး နယ်စပ်က တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ လောက် ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော် ပြန်ခေါ်ဖို့ ရှိပြီး အဲဒီထဲမှာ မြန်မာလုပ်သား နှစ်သိန်းခွဲကျော် ခေါ်မယ်လို့ ပြောထားတာကို မစောင့်တော့ဘဲ တရားမဝင် ဝင်လာကြတာလို့ ဦးမိုးကြိုးက ပြောပါတယ်။

“သူတို့(အလုပ်သမား)ရဲ့ စိတ်လောကြီးလွန်းတယ်။ တကယ်တန်း ထိုင်းနိုင်ငံက MOU စနစ်နဲ့ တရားဝင်လက်ခံတော့မှာ။ ပြောမယ်ဆိုရင် သူတို့တွေ အကုန်လုံးက ထိုင်းနိုင်ငံကနေ တရားဝင် ခေါ်ဆိုမှုကို မစောင့်နိုင်တော့တာ။ ဒါကြောင့် သူတို့ စိတ်လောကြီးတယ်။ နောက် အတ္တလောကြီးတယ်။ အဲ့နှစ်ခု”

၂၀၂၀ ပြည့်နှစ် မတ်လကနေ ၂၀၂၁ ခုနှစ် ဇူလိုင်လကုန်ထိ မြန်မာနိုင်ငံသား ၄ သောင်း တရားမဝင် ဝင်လာပြီး ၃ သောင်းက ထိုင်းမြန်မာနယ်စပ်မှာ ဖမ်းဆီးခံခဲ့ရ ပါတယ်။ တစ်သောင်းကျော်က ထိုင်းနိုင်ငံအတွင်းပိုင်းမှာ ဖမ်းဆီးခံရတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်အရေးပေါ်ထိန်းချုပ်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org