ထိုင်းအစိုးရ PTT ရေနံကုမ္ပဏီ အာဆီယံဒေသတွင်း လုပ်ငန်းတိုးချဲ့နေ
မြန်မာနိုင်ငံက ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရှေ့ဆုံးက ပါဝင်လုပ်ကိုင်နေတဲ့ ထိုင်းအစိုးရပိုင် PTT ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီဟာ ၂၀၁၅ အာဆီယံ စီးပွားရေးအသိုင်းဝန်း AEC ရည်ရွယ်ချက် အတိုင်း ဈေးကွက်တခုထဲမှာ ရှေ့ဆုံးမှာ ရောက်နေဖို့အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို အပူတပြင်း တိုးချဲ့လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
-
2010-10-12 -
-
-
မြန်မာ့ ကမ်းလွန်ပင်လယ်တွင် ထိုင်းနိုင်ငံမှ PTTEP ကုမ္ပဏီ လုပ်ကိုင်ခွင့် ရရှိထားသော သဘာဝ ဓာတ်ငွေ့ လုပ်ကွက်များကို အဝါရောင်ဖြင့် ဖော်ပြထားပါသည်။ (RFA Map)
(RFA Map)
လူဦးရေ သန်း ၆၀၀ နီးပါးရှိတဲ့ AEC ဈေးကွက်ဟာ ထိုင်းကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နံှမှုနဲ့ ကုန်သွယ်ရေး အခွင့်အလမ်း အများကြီး ရနိုင်တဲ့အတွက် အခုလို တိုးချဲ့နေတာဖြစ်ပြီး အခုအခါ အာဆီယံ ဒေသထဲမှာ ပိုပြီး လုပ်ငန်း လုပ်နိုင်ဖို့ အင်ဒိုချိုင်းနားဒေသ စီမံကိန်းတခုကို ရေးဆွဲနေတယ်လို့ သိရပါတယ်။
PTT ဟာ မြန်မာနိုင်ငံက ရဲတံခွန်၊ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ပါဝင်နေသလို နောက်အသစ်ထုတ်မဲ့ မုတ္တမပင်လယ်ကွေ့က ဇောတိက လုပ်ကွက်တွေက သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးလုပ်ကိုင်နေပါတယ်။
အလားတူပဲ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်တောင်ပိုင်း ပြည်နယ်တွေမှာ ရင်းနှီးလုပ်ကိုင် နေတယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ရေးပါတယ်။