ငါးနှစ်အထိ သက်တမ်းတိုးခွင့်ရှိတဲ့ ဗီဇာအမျိုးအစားသစ် ထိုင်းအစိုးရကြေညာ

ထိုင်းနိုင်ငံမှာ ခြောက်လကနေ ငါးနှစ်အထိ သက်တမ်းတိုးနေထိုင်နိုင်မယ့် Destination Visa (DTV) ကို ဇွန်လ ၁ ရက်နေ့မှာ စတင်မယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တစ်နေရာအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ AFP

ထိုင်းနိုင်ငံမှာ ခြောက်လကနေ ငါးနှစ်အထိ သက်တမ်းတိုးနေထိုင်နိုင်မယ့် Destination Visa (DTV) ကို ဇွန်လ ၁ ရက်နေ့မှာ စတင်မယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ဒီဗီဇာအမျိုးအစားကို ဒီဂျစ်တယ်ပညာရှင်တွေ၊ ထိုင်းဟင်းချက်နည်းသင်တန်း၊ ထိုင်းမွေ့ထိုင်းသင်တန်းအပါအဝင် အားကစားနည်းသင်တန်း တက်ရောက်လိုသူတွေ၊ ဆေးကုသလိုသူတွေ၊ နိုင်ငံတော်အဆင့် အစည်းအဝေးလာရောက်တက်သူတွေ၊ အွန်လိုင်းကနေ အလုပ်လုပ်ကိုင်သူတွေအပါအဝင် ပညာရှင်အဆင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူတွေ လျှောက်ထားနိုင်တယ်လို့ ထိုင်းအစိုးရပြောခွင့်ရသူ Chai Wacharonke ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

ထိုင်းအစိုးရခွင့်ပြုမဲ့ ဒီဗီဇာအမျိုးအစားက မြန်မာနိုင်ငံသားတွေအတွက် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

“ဒီဗီဇာသာ တကယ်ရရှိခဲ့ရင်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အကောင်းဆုံးပေါ့။ ထိုင်းမှာ တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတို့နိုင်ငံအတွက် အကျိုးအမြတ်ရမယ်ဆိုတဲ့ဟာမျိုးပဲ ပေးတာဗျ။ မွေ့ထိုင်းသမားတွေတော့ ရလိမ့်မယ်။ အရင် ဘာသာစကား သင်တန်းကျောင်းတွေနဲ့ လုပ်ခဲ့ပြီးပြီ။ အခု ဒီဟာကို ဖောက်လိမ့်မယ်ဗျ”

အသစ်ခွင့်ပြုလိုက်တဲ့ Destination Thailand Visa (DTV) လျှောက်ထားဖို့အတွက် အသက် ၂၀ ပြည့်ပြီး ထိုင်းဘတ်ငွေ ငါးသိန်းနဲ့ညီမျှတဲ့ ငွေကြေးပြသဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဗီဇာလျှောက်ထားကြေး ဘတ် တစ်သောင်းကုန်ကျမှာဖြစ်ပြီး တစ်ကြိမ်ကို ခြောက်လအထိ သက်တမ်းတိုး နေထိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ အရင်က ဗီဇာတစ်ကြိမ်ကို ရက် ၃ဝ သက်တမ်းတိုးခွင့် နှစ်ကြိမ်ခွင့်ပြုခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org