ထိုင်းနိုင်ငံ သမာဆတ်တက္ကသိုလ်မှာ ရိုဟင်ဂျာ ပြဿနာဆွေးနွေး

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သမာဆတ် တက္ကသိုလ်မှာ နိုင်ငံတကာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးမှာ ရိုဟင်ဂျာတွေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ သုံးသပ် ဆွေးနွေးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရိုဟင်ဂျာ ပြဿနာကို ဘယ်လိုနည်းလမ်းတွေနဲ့ဖြေရှင်းဆောင်ရွက်နိုင်မလဲ ဆိုတာကို အဓိကထား ဆွေးနွေးမှာ ဖြစ်ကြောင်း အစည်းအဝေးနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်သူ ၁၀၀ လောက်ရှိပြီး ထိုင်းလူ့အခွင့်ရေးအဖွဲ့တွေဖြစ်တဲ့ Forum Asia, People Empowerment Foundation, လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့ human Rights Watch နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI  စတဲ့အဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို ထိုင်းနိုင်ငံ အခြေစိုက် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံးနဲ့ဂျပန်နိုင်ငံ အခြေစိုက် ရခိုင် ရိုဟင်ဂျာအဖွဲ့တို့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ထိုင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org