ထိုင်းမှာ ဗီဇာကုန်နေတဲ့ မြန်မာ လုပ်သားများ ကို ဖမ်းဆီးမှု ဆိုင်းငံ့

အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားတွေအပေါ် ဖမ်းဆီးအရေးယူမယ့် မူဝါဒကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပရာဝတ်က ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့ရှိ ငါးဒိုင်တစ်ခုတွင် မြန်မာနိုင်ငံ မှ ရွှေ့ပြောင်းလုပ်သားတချို့ ငါးရွေးအလုပ်လုပ်နေစဉ် Photo: AFP

အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကျော်လွန်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအပေါ် ဖမ်းဆီးအရေးယူမယ့် မူဝါဒကို ယာယီဆိုင်းငံ့ ထားမယ်လို့ ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပရာဝတ်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

ထိုင်း လူဝင်မှုကြီးကြပ်ရေးဗျုရိုနဲ့ ထိုင်းဘုရင့်တော်ဝင် ရဲတပ်ဖွဲ့ရုံးတွေက ကိုယ်စားလှယ်တွေကို တနင်္ဂနွေနေ့က တွေ့ဆုံပြောကြားခဲ့တာပါ။ ထိုင်းနိုင်ငံမှာ လေးနှစ်အလုပ်လုပ်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသွားရတဲ့ကိစ္စဟာ မြန်မာအလုပ်သမားတွေနဲ့ ထိုင်း အလုပ်ရှင်တွေရဲ့ အပြစ်မဟုတ်တဲ့အတွက် အလုပ်သမားတွေကို အရေးယူမှာမဟုတ်ကြောင်း၊ အလုပ်သမားတွေအနေနဲ့ ပြည်နယ်အလုပ်သမား ရုံးတွေမှာ အလုပ်အထောက်အထားတွေ သွားရောက် တင်ပြပြီး၊ အလုပ်ဗီဇာသက်တမ်းတိုးခွင့် လျှောက် ထားရမှာဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ကိုလည်း အဖမ်းအဆီးတွေမလုပ်ဖို့ အသိပေးထားမှာဖြစ်ကြောင်း မစ္စတာ ပရာဝတ်က ပြောပါတယ်။

ဒါ့ပြင် နေထိုင်ခွင့်သက်တမ်းလွန်နေသူတွေကို တစ်ရက် ဘတ် ၅၀၀ ကနေ ဘတ် နှစ်သောင်းအထိ ချမှတ်ထားတဲ့ ဒဏ်ကြေးငွေကိုလည်းလျှော့ပေါ့မယ်၊ နိုင်ငံခြားသားအလုပ်သမားတွေ ထိုင်းမှာ လေးနှစ် အလုပ်လုပ်ပြီးရင်၊ မူလနိုင်ငံကို အနည်းဆုံး သုံးနှစ်ပြန်နေရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုလည်း လျှော့ပေါ့ပေးဖို့ အစိုးရကို တောင်းဆိုမယ်လို့ဆိုပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ မဲဆောက်၊ မယ်ဆိုင်နဲ့ ရနောင်းခရိုင်တွေက အလုပ်သမားရုံးတွေမှာ ဗီဇာသက်တမ်းတိုးတာ၊ အလုပ်အကိုင်ရှာဖွေတာ၊ နိုင်ငံသားစိစစ်ရေးတွေ လုပ်နိုင်ကြတယ်လို့ သိရပါတယ်။  ဒါ့ပြင်နယ်စပ်ဒေသတွေမှာ နေ့စဉ်လာရောက်အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကိုပေးထားတဲ့ ၇ ရက် သက်တမ်းကိုလည်း သုံးလအထိတိုးပေးဖို့ အလုပ်သမားဝန်ကြီးဌာနက တောင်းခံမယ်လို့လည်း ထိုင်းအစိုးရ အလုပ်အကိုင်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပရာဝတ်က ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org