ရိုဟင်ဂျာ ပြန်ပို့မှု လူ့အခွင့်ရေးအဖွဲ့ ပြစ်တင်

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက NGO အဖွဲ့တစ်ဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၁၃၀၀ ကျော်ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW အနေနဲ့ အထူးပဲ စိုးရိမ်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက NGO အဖွဲ့တစ်ဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၁၃၀၀ ကျော်ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW အနေနဲ့ အထူးပဲစိုးရိမ်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဗြူရိုအကြီးအကဲရဲ့ ပြောဆိုချက်အရ လွန်ခဲ့တဲ့ ၃ လခန့်က ရိုဟင်ဂျာတွေ ကို မြန်မာအစိုးရ အာဏာပိုင်တွေလက်ကို အပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ NGO အဖွဲ့တစ်ဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်ခဲ့တာပါ။

HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဆူနိုင်းပါဆွတ်က သောကြာနေ့က ပြောဆိုရာ မှာ အဲဒီ NGO အဖွဲ့ဟာ ဘယ်အဖွဲ့ဆိုတာတောင် မိမိတို့ မသိရကြောင်းနဲ့ ခုလိုပြန်ပို့ခြင်းဖြစ်ကြောင်း အထုူး စိုးရိမ်မိတာက လူ့အခွင့်အရေး ချိုးဖေါက်မူများမှာ တာဝန်ရှိသူ မြန်မာအာဏာပိုင်တွေလက်ကို ဝကွက်အပ်လိုက် တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိကတော့ အပြည်ပြည်ဆိုင်ရာ အခြေခံမူတွေနဲ့ ပြည်နှင် ဒါဏ်ပေးလိုက်တာဖြစ်ပြီး ပြန်ပို့လိုက်သူတွေကို ဘယ်ကိုခေါ်သွားသလဲဆိုတာ သူမသိရှိပါလို့ ပြောဆိုသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org