ထိုင်း သဘောထားကြောင့် မြန်မာဒုက္ခသည်တွေ ပိုအခက်အခဲတွေ့

ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက မြန်မာ ဒုက္ခသည်တွေအပေါ် ထားတဲ့ ကြမ်းတမ်းတဲ့ သဘောထားကြောင့် ဒုက္ခသည်တွေ ပို အခက်အခဲ ဖြစ်ကြရတဲ့ အကြောင်းနဲ့ ဒုက္ခသည်တွေအပေါ် ကရုဏာထားကြဖို့ ထိုင်း ဒုက္ခသည်များ ကော်မတီ TRC အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒုက္ခသည်အဖြစ် ထိုင်းအစိုးရက မှတ်ပုံတင် အသိအမှတ်မပြုတဲ့ မြန်မာဒုက္ခသည် ၆ သောင်းကျော်ဟာ ဒီ အခက်အခဲတွေကို ပိုခံစားနေရကြောင်း၊ ထိုင်းစစ်တပ်ဟာ မှတ်ပုံမတင်သေးတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပေးပို့တာကို မကြာသေးခင် ရက်ပိုင်းကပဲ ရပ်တန့်ခဲ့ကြောင်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ TRC အကြီးအကဲ Veerawit Tianchainan က ပြောကြားပါတယ်။

ထိုင်းအစိုးရဟာ မြန်မာနိုင်ငံကနေ အသစ် ရောက်လာတဲ့ ဒုက္ခသည်တွေကို ဒုက္ခသည် မှတ်ပုံတင် ထုတ်မပေးခဲ့တာ ၂ဝဝ၆ ခုနှစ် ကတည်းကဖြစ်ပါတယ်။

မြန်မာနိုင်ငံနယ်စပ် မြဝတီနဲ့ မျက်နှာချင်းဆိုင်က တပ်ခရိုင် အုပ်ချုပ်ရေးမှူးဟာ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ စစ်ဆေးပြီး မှတ်ပုံတင် မရှိသူတွေကို ပြန်ပို့ဖို့ စီစဉ်နေတာဟာ ကောင်းမွန်တဲ့ အလားအလာ မဟုတ်ကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ အပေါ်မှာ ထားတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ သဘောထားဟာ ထိုင်းပညာရေးစနစ်က ပုံသွင်းထားတဲ့ အတိုင်း မြန်မာကို အမျိုးသားရန်သူအဖြစ် ရှုမြင်ထားကြကြောင်း၊ ထိုင်းအများစုဟာ မြန်မာ အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ခွဲခြား မမြင်တတ်ကြကြောင်း Mr. Veerawit က ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org