မြန်မာနယ်စပ်မှာ နယ်ခြားစောင့်တပ် တိုးမြှင့်ချထားမယ်လို့ ထိုင်းစစ်တပ်အကြီးအကဲပြော

ဝေးလံခေါင်သီတဲ့ ဒေသတချို့မှာလည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံးက ပံ့ပိုးပေးတဲ့ စောင့်ကြည့်ကိရိယာတွေကို ဖြန့်ကျက် ချထားမယ်လို့လည်း ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် စောင့်ကြပ်နေသည့် ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

တရုတ်နိုင်ငံသားတွေ ဆက်သွယ်ရေးလိမ်လည်ဂိုဏ်းတွေရဲ့ဖြားယောင်းခံရပြီး အဓမ္မအလုပ်ခိုင်းစေခံရမှုတွေကနေ ကာကွယ်ဖို့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ပြီး ကင်းလှည့်မယ်လို့ ထိုင်းတပ်မတော် အမှတ်-၃ စစ်ဒေသမှူး ဒုဗိုလ်ချုပ်ကြီး ကစ်တီဖုံချန်စူဝမ် က ကတိပြုပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၃​ဝ ရက်နေ့က ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ ဦးစီးကျင်းပတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး အစည်းအဝေးအပြီးမှာ ပြောလိုက်တာပါ။

ထိုင်း-မြန်မာနယ်စပ်မှာ စောင့်ကြပ်နေတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်သွားမယ့်အပြင် နယ်စပ်ဒေသတွေကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးဖို့အတွက် လုံခြုံရေးတပ်ဖွဲ့အသီးသီးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဝေးလံခေါင်သီတဲ့ ဒေသတချို့မှာလည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံးက ပံ့ပိုးပေးတဲ့ စောင့်ကြည့်ကိရိယာတွေကို ဖြန့်ကျက် ချထားမယ်လို့လည်း ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ တရုတ်လူမျိုးတွေကို တွေ့ရင်လည်း သက်ဆိုင်ရာအေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org