ဒုတိယ ချစ်ကြည်ရေးတံတား တည်ဆောက်ရေး စက်တင်ဘာမှာ စမည်

ထိုင်း မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက် ကြား ဒုတိယချစ်ကြည်ရေးတံတား တည်ဆောက်ရေးကို လာမယ့် စက်တင်ဘာလအတွင်း မဲဆောက်မြို့မှာ စတင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီး ပရာဂျင် ဂျန်တောင်းကို ကိုးကားပြီး The Nation သတင်းစာက ဖော်ပြပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအဟောင်းကို တွေ့ရစဉ် photo: RFA/ Moe Kyaw

ထိုင်း မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက်ကြား ဒုတိယချစ်ကြည်ရေးတံတား တည်ဆောက်ရေးကို လာမယ့် စက်တင်ဘာလအတွင်း မဲဆောက်မြို့မှာ စတင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်း သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး ပရာဂျင် ဂျန်တောင်းကို ကိုးကား ပြီး The Nation သတင်းစာက ဖော်ပြပါတယ်။

တပ်ခရိုင်ကို ရောက်ရှိစဉ်အတွင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီး ပရာဂျင်က ပြောဆိုခဲ့တာပါ။ ဒုတိယ ထိုင်း မြန် မာ ချစ်ကြည်ရေးတံတားကို မဲဆောက် စီရင်စု ဘန်ဝမ် တခီယန် အရပ်မှာ တည်ဆောက်မှာဖြစ်ပြီး၊ ပြီးစီးဖို့ အချိန်တစ်နှစ်ဝန်းကျင်ယူရမယ်လို့ ဆိုပါတယ်။ လမ်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေလည်း တပါတည်း ပါဝင်မှာဖြစ်ပါတယ်။

ဒုတိယချစ်ကြည်ရေး တံတားတည်ဆောက်ရေးအတွက် ထိုင်း ဘတ်ငွေ သန်းပေါင်း လေးထောင် နီးပါး ကုန်ကျမယ် လို့ မျှော်လင့်ထားပါတယ်။

အဲ့ဒီ ဒုတိယတံတား ပြီးစီးသွားရင် ထိုင်း မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏ တစ်နှစ်ကို ဘတ်ငွေ ဘီလျံ ၆ဝ အထိ နှစ်ဆတိုးသွားမယ့်အပြင်၊ ပထမ ချစ်ကြည်ရေးတံတားမှာ ကုန်တင်ယာဉ်ကြော ကြပ်တည်းပိတ်ဆို့မှု လည်း လျော့ပါးသက်သာသွားမယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ပရာဂျင် ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org