မြန်မာနဲ့ နယ်စပ်ကုန်သွယ်မှု ဘတ် ၁၅၀ ဘီလျံ တိုးရေး ထိုင်း မျှော်လင့်

လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ မြန်မာနိုင်ငံ မြဝတီမြို့ ကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ဘတ်ငွေ ၁၅ဝ ဘီလျံ တိုးတက်လာအောက် ဆောင် ရွက်သွားကြမယ်လို့ TNA ထိုင်းသတင်းဌာနက ဖော်ပြ ပါတယ်။

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ တံတားပုံ (Photo: AFP)

လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ မြန် မာနိုင်ငံ မြဝတီမြို့ကြား နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ဘတ်ငွေ ၁၅ဝ ဘီလျံ တိုးတက်လာအောက် ဆောင် ရွက်သွားကြမယ်လို့ TNA ထိုင်းသတင်းဌာနက ဖော်ပြ ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်း မှာ နှစ်နိုင်ငံ ကုန်သွယ်ရေးအရာရှိတွေ တွေ့ ဆုံ ဆွေးနွေးကြမယ်လို့ ထိုင်းနိုင်ငံခြား ကုန်သွယ်ရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဒူအန်ပွန် ကပြောပါတယ်။

မဲဆောက်နဲ့ မြဝတီမြို့တွေကို နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ အဆင်ပြေချောမွေ့စေရေး အတွက် ဆက်သွယ်ပေးမယ့် ညီအမမြို့တွေအဖြစ် သဘောတူညီခဲ့ကြပါတယ်။ ထိုင်းဖက်ခြမ်း တပ်ခရိုင်နဲ့ မြန်မာနိုင်ငံမြဝတီမြို့တွေ မှာလည်း အထူးစီးပွားရေးဇုန်တစ်ခုစီ တည်ဆောက်မှာဖြစ်ပါတယ်။

ဒါ့ပြင် မြဝတီနဲ့ ကော့ကရိတ်ကြား လမ်းဖေါက်လုပ်ရေးမှာ ထိုင်း အစိုးရက ကူညီထောက်ပံ့ဖို့ အသင့်ရှိနေတယ်လို့ ထိုင်း နိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒူအန်ပွန် ကပြောပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မဲဆောက်နဲ့ မြဝတီကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ နှစ်စဉ် ထိုင်းဘတ်ငွေ ၆ဝ ဘီလျံရှိနေရာကနေ၊ လာမယ့် ၂ဝ၁၅ ခုနှစ်အတွင်း ဘတ် ၁၅ဝ ဘီလျံ တိုးတက်လာမယ် လို့ မျှော်လင့်ကြောင်းလည်း ဒူအန်ပွန် ကပြောပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး စုစုပေါင်းပမာဏဟာ ဒီနှစ်အတွင်း ဘတ်ငွေ ၁ ထရီလီယံ နီးပါး ရှိရာက နောက်နှစ်မှာ ဘတ် ၁.၁ ထရီလီယံအထိ တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org