မှတ်ပုံမတင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ထိုင်းစတင်ဖမ်းဆီး
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားတွေ တရားဝင်မှတ်ပုံတင်ဖို့ သတ်မှတ်ရက်ဟာ စနေနေ့က ပြည့်သွားပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ရဲအရာရှိ ၁၁၃ ဦး ခေါင်းဆောင်ပြီး နိုင်ငံတဝှမ်းမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို စတင်ဖမ်းဆီးနေပါတယ်။
-
2018-07-02 -

မတ်လ ၃၁ ရက်ကနေ ဇွန်လ ၃ဝ ရက်နေ့အထိ မှတ်ပုံတင်ခဲ့ရာမှာ မနေ့ကအထိ စာရင်းတွေအရ နိုင်ငံခြားသားအလုပ်သမား ၁ သန်း ၁ သိန်း ၈ သောင်းကျော် မှတ်ပုံတင်ခဲ့တယ်လို့ ထိုင်းရဲချုပ် အဗ္ဗဒူက Bangkok Post သတင်းစာကို ပြောပါတယ်။
မှတ်ပုံတင်တဲ့အထဲမှာ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမား ၃ သိန်းခွဲ၊ လာအိုနိုင်ငံက ၆ သောင်းနီးပါးနဲ့၊ မြန်မာနိုင်ငံက ၇ သိန်း ၇ သောင်းကျော် ရှိတယ်လို့သိရပါတယ်။
ထိုင်းဥပဒေသစ်အရ ထိုင်းနိုင်ငံကိုလာပြီး အလုပ်လုပ်သူတွေ တရားဝင်မှတ်ပုံတင်ဖို့ ပျက်ကွက်ရင် ထိုင်းဘတ်ငွေ ၅ ထောင်ကနေ ၅ သောင်းအထိ ဒဏ်ရိုက်ခံရဖို့ရှိပြီး မိခင်နိုင်ငံကို ပြန်ပို့ခံရမှာ ဖြစ်သလို ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်ခွင့်လည်း ၂ နှစ် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။
လက်ရှိ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သမား ၃ သန်းကျော် အလုပ်လုပ်နေတယ်လို့ သိရပါတယ်။