ထိုင်းလူမှောင်ခို ဂိုဏ်းခေါင်းဆောင်ကို တရားရုံးက ထောင်ဒဏ်ချ

ထိုင်းနိုင်ငံသားတစ်ယာက်ကို လူမှောင်ခို ဂိုဏ်းခေါင်းဆောင်တဦးအဖြစ် ထိုင်းတရား ရုံးက ဆုံးဖြတ်ပြီး မနေ့က ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက် ပါတယ်။

ထိုင်းနိုင်ငံသားတစ်ယာက်ကို လူမှောင်ခို ဂိုဏ်းခေါင်းဆောင်တဦးအဖြစ် ထိုင်းတရားရုံးက ဆုံးဖြတ်ပြီး မနေ့ က ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက်ပါတယ်။

ရိုဟင်ဂျာ ၉၇ ယောက် ခိုးသွင်းလာမှုနဲ့ ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလက ဖမ်းဆီးမိခဲ့တဲ့ ဆူနန်-ဆန်ထောန် ဆိုသူ ကို ထောင်ဒဏ် ၃၅ နှစ်နဲ့ ငွေဒဏ်ဒေါ်လာ ၁ သောင်း ၉ ထောင် ချမှတ်လိုက်တာပါ။ ဒီအမှုနဲ့ဆက်နွယ်တဲ့ လူနှစ်ယောက်ကိုလည်း ထောင်ဒဏ် တနှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။ ဆူနန်ရဲ့ ဘဏ်စာရင်းထဲကို လူမှောင်ခို ဂိုဏ်းတွေက ငွေလွှဲထားတဲ့ အထောက်အထားတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ လူမှောင်ခိုသယ်လာတဲ့ ကား ၅ စီးကို ဖမ်းမိခဲ့ရာမှာ တချို့က ကားထဲမှာ မွန်းကြပ်ပြီး သေဆုံးနေ တာ တွေ့ရပြီး ရိုဟင်ဂျာ ကလေးအယောက် ၄ဝ ကျော်ကိုလည်း တွေ့ရတယ်လို့ တရားရုံးမှာ သက်သေထွက်ဆိုခဲ့တဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့နှစ်ကစပြီး လူမှောင်ခိုကုန်ကူးမှု နှိမ်နင်းရေးကို စီမံချက်နဲ့ ဆောင်ရွက်ခဲ့ရာမှာ လူမှောင်ခို ဂိုဏ်းတွေက သူတို့ခေါ်လာတဲ့ သူတွေကို ပင်လယ်ထဲမှာ ပစ်ထားခဲ့တာတွေ၊ တောထဲက လျှို့ဝှက်နေရာတွေမှာ ထားခဲ့တာတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org