ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၀၀၀ ခန့် မီးလောင်

အိမ်ခြေ ၃၀၀၀ ကျော်ရှိတဲ့ ထိုင်းမြန်မာနယ်စပ် အုန်းဖြန် ဒုက္ခသည်စခန်းမှာ ဒီကနေ့ မီးလောင်မှုကြောင့် အိမ်ခြေ တစ်ထောင်နီးပါး ပျက်စီး ဆုံးရှုံးခဲ့မယ်လို့ ခန့်မှန်းကြပါတယ်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က ထိုင်း မြန်မာနယ်စပ် အုန်းဖြန် ဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းနေသည်ကို တွေ့ရပုံ။ RFA

ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့ TBBC အဆိုအရ ကလေးငယ်တွေ မီးလောင်ဒဏ်ရာရတာ အတော်များပြီး တချို့သတင်းတွေက သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။

ဒုက္ခသည် စခန်းထဲက အိမ်တစ်အိမ်မှာ ထမင်းဟင်းချက်ရာက မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အခု မီးဘေးဒုက္ခသည်ဖြစ်ရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ စခန်းအပြင်ကို ထွက်ခွင့်မရှိတဲ့အတွက် စခန်းထဲမှာပဲ ကျန်တဲ့ ဆွေမျိုး နီးစပ်ရာတွေနဲ့ နေထိုင်ကြရမယ်လို့ ဆိုပါတယ်။

အုန်းဖြန် ဒုက္ခသည်စခန်းမှာ စုစုပေါင်း ဒုက္ခသည် တစ်သောင်း ခုနစ်ထောင်လောက် နေထိုင်ကြတယ်လို့လည်း သိရပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည် စခန်းပေါင်း ၁၀ ခုလောက်ရှိပြီး ဒုက္ခသည် အရေအတွက် တစ်သိန်း လေးသောင်းနီးပါး ရှိတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org