DKBA နဲ့ အစိုးရတပ် ပစ်ခတ်မှုကြောင့် ထိုင်းနယ်စပ် တပ်လှန့်ထား
ထိုင်း မြန်မာနယ်စပ်မှာ ဒီမိုကရေစီအကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား တိုက်ခိုက်မူတွေ ဆက်တိုက်ဖြစ်ပွားနေ တာကြောင့်၊ မြန်မာနဲ့ နယ်စပ်တပ်ခရိုင်က ထိုင်းစစ်တပ်ကို ထိုင်းအစိုးရက တပ်လှန့်ထားကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
-
2014-09-29 -
-
-
ထိုင်း မြန်မာနယ်စပ်မှာ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား တိုက်ခိုက် မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့်၊ မြန်မာနဲ့ နယ်စပ်တပ်ခရိုင်က ထိုင်းစစ်တပ်ကို ထိုင်းအစိုးရက တပ်လှန့်ထားကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတ။
နှစ်ဘက်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဟာ ထိုင်းနယ်စပ် ကနေ နှစ်မိုင် သုံးမိုင်ဝန်းကျင်အကွာမှာ ဖြစ်ပွားခဲ့ တာကြောင့် ပစ်ခတ်သံတွေကို အတိုင်းသားကြားနေရ တယ်လို့ ထိုင်းအမှတ် (၃) တပ်မှူး ဒု ဗိုလ်ချုပ်ကြီး ပရီးချာက ပြောပါတယ်။ မဲဆောက်စီရင်စု အုပ်ချုပ်ရေးမှူး ကလည်း မြန်မာဘက်ခြမ်း မြဝတီမြိုလယ်ခေါင် အနီး ဝန်းကျင်မှာ လောင်ချာ၊ စိန်ပြောင်း စတဲ့ လက်နက် ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြပြီး၊ သေဆုံးသူ ငါးဦး၊ ထိခိုက် ဒဏ်ရာရသူ ဆယ်ဦးကျော်ရှိတယ်လို့ ကြားသိရကြောင်း ပြောဆိုပါတယ်။
မြန်မာစစ်တပ်က နယ်စပ်ဂိတ်ကို ပိတ်ခိုင်းတဲ့အတွက် စနေနေ့က မဲဆောက်နယ်စပ်ဂိတ်ကို ခေတ္တပိတ်လိုက်ပြီး၊ ညနေပိုင်းမှာ တိုက်ပွဲအရှိန်လျော့သွားတဲ့အတွက် ပြန်ဖွင့်လိုက်ကြောင်း သိရပါတယ်။
အပစ်အခတ်တွေ စဲသွားပေမဲ့၊ ထိုင်းစစ်တပ်အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ထိုင်းစစ်တပ်ကို တပ်လှန့်ထားပြီး၊ နယ်စပ်တစ်လျှောက်မှာလည်း တပ်အင်အားတွေ တိုးမြှင့်ချထားလိုက်ပါတယ်။