ထိုင်းမှာ ကားနှစ်စီးပေါ်က အထောက်အထားမဲ့ မြန်မာ ၂၆ ဦး ဖမ်းခံရ

ဖစ်ချဘွန်ခရိုင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဥ် နှစ်စီးကို အာဏာပိုင်တွေက စစ်ဆေးတာကြောင့် မြန်မာလုပ်သား ၂၆ ဦး အဖမ်းခံလိုက်ရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ဖစ်ချဘွန်ခရိုင်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအားတွေ့ရစဉ်။ Khaosod English

ထိုင်းနိုင်ငံ၊ ဖစ်ချဘွန်ခရိုင်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဥ် နှစ်စီးကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အာဏာပိုင်တွေက စစ်ဆေးတာကြောင့် မြန်မာလုပ်သား ၂၆ ဦး အဖမ်းခံလိုက်ရတယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod မှာ ဒီနေ့ ဖော်ပြပါတယ်။

ပထမကားမှာ ဆယ်ဦး၊ ဒုတိယကားမှာ ၁၆ ဦးနဲ့ ယာဥ်မောင်း နှစ်ဦးကို ဖမ်းမိတယ်လို့ ရေးသားထားပါတယ်။

ထိုင်းအာဏာပိုင်တွေ အမြန်လမ်းမပေါ်မှာ စစ်ဆေးနေချိန် သံသယရှိတဲ့ ကားနှစ်စီးကို စစ်ဆေးဖို့တားပေမဲ့ အရှိန်ပြင်းပြင်းနဲ့ မောင်းပြေးဖို့ ကြိုးစားခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီမြန်မာအလုပ်သမားတွေကို ကားခ တစ်ဦး ဘတ်တစ်ထောင်နှုန်းနဲ့ တာ့ခ်ခရိုင်ကနေ ဆာရာဘူရီခရိုင်ကို ပို့ဆောင်တာဖြစ်ပြီး သူတို့ကို သက်ဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုသွားမှာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org