ထိုင်းမှာ လူမှောင်ခိုသမား ၅၁ ဦးကို ဖမ်းဆီးထား၊ ၃၀ ဦးကို ဖမ်းဝရမ်းထုတ်ရှာဖွေဆဲ

ထိုင်းနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ က လှေစီးဒုက္ခသည်တွေကို လူကုန်ကူးမှု ကျူးလွန်ကြောင်း သံသယရှိသူ ၅၁ ဦးကို ဖမ်းဆီးထားပြီး ၊ နောက်ထပ် အယောက် ၃ဝ ကို ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းလှေစီးဒုက္ခသည်များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ် Photo: Min Thein Aung/ RFA

ထိုင်းနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက လှေစီးဒုက္ခသည်တွေကို လူကုန်ကူးမှုကျူးလွန်ကြောင်း သံသယရှိသူ ၅၁ ဦးကို ဖမ်းဆီးထားပြီး၊ နောက်ထပ် အယောက် ၃ဝ ကို ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေတယ်လို့ ထိုင်းရဲတွေက ပြော ပါတယ်။

ထိုင်းရဲတွေဟာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူမှောင်ခိုသမားတွေကို ဆောင်ခလ၊ ဆာတွန်၊ ရနောင်းခ စတဲ့ နိုင်ငံတောင်ပိုင်းဒေသတွေမှာ လိုက်လံရှာဖွေနေတာပါ။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အယောက် ၂ဝဝ ကို လူမှောင်ခိုကုန်ကူးမှုနဲ့ ဆက်နွယ်သူ အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို မြန်မာရဲတွေ ဖမ်းဆီးနိုင်ခဲ့တာဟာ ထိုင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ အကြား အပြန်အလှန်သတင်းဖလှယ် ဆောင်ရွက်မှုကြောင့်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံသား ၂ဝဝ ကျော် စီးနင်းလိုက်ပါလာတဲ့ စက်လှေရဲ့ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား အုမင့်ဆိုသူကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်တာဖြစ်တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org