တောင်ကြီးမြို့ အကြမ်းဖက်ဆူပူမှု တရားခံများ ထောင်ဒဏ်စီရင်ခံရ

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးထဲက ၁၈ ဦး ကို ထောင်ဒဏ် ၁၄ နှစ်စီ၊ ၁ ဦး ကို ထောင်ဒဏ် ၁၉ နှစ်နဲ့ ၁ ဦးကို ၇ နှစ် ပြစ်ဒဏ်ကျခံ ဖို့ တောင်ကြီးခရိုင်တရားရုံးက ဒီနေ့ အမိန့်ချမှတ် လိုက်ပါတယ်။

တောင်ကြီးခရိုင် တရားရုံးပုံ Photo: Kyaw Myo Tun

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးထဲက ၁၈ ဦးကို ထောင် ဒဏ် ၁၄ နှစ်စီ၊ ၁ ဦးကို ထောင်ဒဏ် ၁၉ နှစ်နဲ့ ၁ ဦးကို ၇ နှစ် ပြစ်ဒဏ်ကျခံဖို့ တောင်ကြီး ခရိုင်တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

အမိန့်ချခံရသူတွေရဲ့ မိသားစုဝင်တွေက ကျေနပ်မှု မရှိတဲ့အတွက် ရှမ်းပြည်နယ်တရားလွတ်တော်ထံ အယူခံဝင်ကြမယ်လို့ အမိန့်ချခံရသူ ၂ဝ ဦးထဲက ၃ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းရွှေက ပြောပါတယ်။

"တရားစီရင်ရေးနဲ့ ပတ်သက်လို့ ဒီအမှုတွဲ ပေါ်ပေါက်ချက်အရတော့ ကျနော်တို့ဖက်ကတော့ ကျေနပ်မှုမရှိဘူး၊ အချခံရတဲ့ပုဂ္ဂိုလ်တွေအားလုံးကတော့ သူတို့အသီးသီး ကျေနပ်မှုမရှိတဲ့အတွက်ကြောင့် ရှမ်းပြည်နယ်တရားလွှတ်တော်ကို အသီးသီးအယူခံဝင်ကြမှာပါ"

အမိန့်ချခံရသူ ၂၀ ဦးထဲက ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသူ ကို မိတ္တီလာအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ပြီး ကျန်တဲ့ ၁၉ ဦးကို တောင်လေးလုံးအကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်ပါတယ်။ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရသူ ဟာ နိုင်ငံတော်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည)၊ ၅ (ဌ)အပြင် မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့နဲ့ အရေးယူခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာကျင်းပတဲ့ အစ္စလာမ်ဘာသာဝင် ဗလီဆရာတစ်ဦးရဲ့ မင်္ဂလာဆောင်ပွဲမှာ ထမင်းဟင်းချက်ပေးဖို့အတွက် အစ္စလာမ်ဘာသာဝင် ၁၄ ဦးတို့ သွားရာလမ်းမှာ ရှမ်းပြည်နယ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲဒီနောက်ပိုင်း တောင်ကြီးမြို့မှာ အမှုနဲ့ဆက်စပ်သူလို့ယူဆရသူ နောက်ထပ် ၄ ဦးအပြင် ကွန်ဟိန်းမြို့က မင်္ဂလာစုံတွဲကိုပါ ဖမ်းဆီးလိုက်တဲ့အတွက် စုစုပေါင်း ၂၀ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org