မြောက်ဦး တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ ရေကြီးနေလို့ ဒုက္ခသည်တွေ အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဒုက္ခသည် သုံးထောင်ကျော် ခိုလှုံနေတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည် စခန်းမှာ မိုးတွေသည်းထန်စွာ ရွာသွန်းနေရာ ရေကြီးရေလျှံနေလို့ ဒုက္ခသည်တွေ အခက်အခဲဖြစ်နေကြပါတယ်။

မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၁၊ ဇူလိုင် ၂၈ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဒုက္ခသည် သုံးထောင်ကျော် ခိုလှုံနေတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည် စခန်းမှာ မိုးတွေသည်းထန်စွာ ရွာသွန်းနေရာ ရေကြီးရေလျှံနေလို့ ဒုက္ခသည်တွေ အခက်အခဲ ဖြစ်နေကြ ပါတယ်။

မနေ့က ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ မိုးတွေအဆက်မပြတ် ရွာသွန်းနေတာဖြစ်ပြီး အခုလက်ရှိ ဒုက္ခသည် စခန်းတစ်ခုလုံး ရေတွေပြည့်နေပြီး တော်တော်လေးကို အခက်အခဲ ဖြစ်သွားနိုင်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီဒုက္ခသည်စခန်းမှာ မြောက်ဦးမြို့နယ်က ကျေးရွာပေါင်း ၁၃ ရွာက ဒုက္ခသည် ၃၃၅၅ ဦး တို့ ခိုလှုံနေကြတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ အခုရက်ပိုင်း မိုးတွေအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံတာတွေနဲ့ မြို့နယ်တော်တော်များများမှာ ရင်ဆိုင်နေကြရပြီး အဲဒီတိမ်ညို စစ်ဘေးဒုသည် စခန်းအပါအဝင် တခြားဒုက္ခသည်စခန်းတချို့မှာလည်း အခုလိုအခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org