မဲမပေးခင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကိုယ်ရင်ဆိုင်ရမဲ့ ရွေးကောက်ပွဲဟာ ဘယ်လို ရွေးကောက်ပွဲလဲ၊ ဘာအတွက် ဆန္ဒမဲ ထည့်မှာလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ကိုယ့်ကိုကိုယ်ပြန်လည် ဆန်းစစ်မေးမြန်းဖို့ လိုအပ်တယ်လို့ ရွေးကောက်ပွဲ ၁၁ ရက်ပဲ လိုတော့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူတွေကို အထူးမှာကြားလိုက်တယ်လို့ အောက်တိုဘာ ၂၆ ရက် ဒီကနေ့ တွေ့ခွင့်ရခဲ့တဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

၂၉ ရက်နေ့ နေပြည်တော်မှာ ကြားနာမဲ့ အထူးအယူခံကိစ္စ ဆွေးနွေးဖို့ ရှေ့နေဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ၃ ဦး ဒီကနေ့ နေ့လည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပြီး အဲဒီတွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။

တဆက်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲသပိတ်မှောက်တယ်လို့ ဒီကနေ့ တရားဝင် ကြေညာလိုက်တာကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်လို့ ရှေ့နေတွေကတဆင့် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးဉာဏ်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org