ပိုလန်၊ ဗြိတိန်၊ ဆွီဒင်သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ နိုင်ငံခြားသံတမန်တွေကို လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မနက်ပိုင်းမှာ ပိုလန်သံအမတ်ကြီး၊ နေ့လည်ပိုင်းမှာ ဗြိတိသျှကောင်စီ ညွှန်ကြားရေးမှူးနဲ့ ညနေပိုင်းမှာ ဆွီဒင်သံအမတ်ကြီးနဲ့ တွေ့ဆုံတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီလိုတွေ့ဆုံရာမှာ တွေ့ဆုံတဲ့ အကြောင်းအရာနဲ့ အချက်အလက် အသေးစိတ်ကို ထုတ်ပြန် ပြောကြားခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org