သကြားစက်ရုံက ကြံဖိုးငွေမပေးလို့ ကြံတောင်သူတွေ အကြပ်ရိုက်

ယုဇနကုမ္ပဏီပိုင်စက်ရုံဖြစ်တဲ့ ပျဉ်းမနားမြို့ အမှတ် ၂ သကြားစက်မှာ လက်ငင်းငွေချေစနစ်နဲ့ ကြံတွေရောင်းချနေတဲ့ ကြံစိုက်တောင်သူဦးရေ ၂၅ဝဝခန့်ကို သကြားစက်ရုံ ဖက်က ကြံဖိုးငွေ မရှင်းပေးတာ အခုဆို ရက်သတ္တနှစ်ပတ်ခန့်ရှိပြီလို့ သိရပါတယ်။

စစ်အစိုးရ၏ သကြားစက်အတွက် တောင်သူများကို အဓမ္မ ကြံစိုက်ခိုင်းပြီး မစိုက်သူများ၏ လယ်ယာမြေများကို ဘူဒိုဇာဖြင့် ထိုးကော် ဖျက်ဆီးသဖြင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) ကို တိုင်ကြားခြင်း ဖြစ်သည်။ (Photo: AFP) (Photo: AFP)

အဲဒီလို ကြံဖိုးငွေတွေ မရှင်းပေးတဲ့အတွက် ကြံစိုက်တောင်သူတွေမှာ ငွေကြေးအခက်အခဲတွေ ဖြစ်နေကြပြီး   ကြံသွင်းတဲ့စလစ်တွေကို တဆင့်ပြန်လည်ရောင်းချနေရတယ်လို့ ပျဉ်းမနားမြို့ ညောင်ပင်ကြီးစုရွာက ကြံစိုက်တောင်သူ ဦးမြတင် က RFA ကို အခုလိုပြောပါတယ်။

"ကြံဖိုးငွေတွေလဲ တောင်သူတွေအကုန်လုံး မရကြဘူး၊ ကျနော်တို့ဆီမှာ ခုတ်တာပြုတာအကုန်လုံးက လက်လုပ်လက်စားတွေဆိုလို့ ကျနော်တို့မဆင်းနိုင်ဘူး၊ သူတို့ဆီသွားထုတ်တော့လည်း ရက်အကန့်အသတ် အတိအကျမပေးနိုင်ဘူး၊ မပေးနိုင်တဲ့အပြင်ကို သူတို့ကိုသွားမေးတော့လည်း ၂ရက်နေ့ချတဲ့ဟာ ၅ရက်နေ့ရှင်းပေးမယ်ဆိုလည်း ၅ရက်နေ့အတိအကျမရှိဘူးပေါ့၊ လက်ငင်းငွေချေစနစ်ပဲလေ၊ အခုကျနော်တို့ ကုမ္ပဏီလက်ထဲကျမှ မရတာ၊ ကြံတစ်တန်ကို သုံးသောင်းပေးတယ်ခင်ဗျ၊ လက်ငင်းငွေချေရမယ့်စနစ်ကို မပေးတော့ ကျနော်တို့ကြံတောင်သူတွေက ပိုက်ဆံရှိတဲ့သူတွေကို တစ်တန်ကို ၁ ထောင်အလျော့နှုန်းနဲ့ ရောင်းစားနေရတယ်"

အရင်က အစိုးရပိုင်စက်ရုံဖြစ်တဲ့  ပျဉ်းမနားမြို့ အမှတ်(၂) နဲ့ အမှတ်(၃) သကြားစက် နှစ်ခုစလုံးကို ယုဇနကုမ္ပဏီက ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ ပုဂ္ဂလိကစက်ရုံအဖြစ် လွှဲပြောင်းလုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုနှစ်ဆိုရင် စက်ရုံလည်ပတ်လာတာဟာ ကြံစိုက်ရာသီ နှစ်ရာသီရှိပြီဖြစ်ပါတယ်။

အခု လည်ပတ်နေတဲ့ အမှတ်(၂) သကြားစက်ရုံ မှာ စက်ရုံဝန်ထမ်း ၅ဝဝ ကျော် အလုပ်လုပ်ကိုင် နေကြပြီး စက်ရုံအတွက် လိုအပ်တဲ့ ကြံတွေကို ပျဉ်းမနားမြိုု့နယ် ကျေးရွာ အုပ်စု ၂၇ ခု မှ ကြံတောင်သူဦးရေ ၂၅ဝဝ ဦးခန့်က တင်သွင်းပေးနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org