ကျောင်းသားသမဂ္ဂ အဆောက် အဦး ဆောက်လုပ်ရေးကော်မတီ ဖွဲ့စည်းမယ့်အစီအစဉ် ရွှေ့ဆိုင်း
တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်လုပ်ရေး အတွက် ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းမယ့် အစီအစဉ် နဲ့ တွေ့ဆုံဆွေးနွေးခြင်းတွေကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ကျောင်းသား ကိုဇေယျာလွင် က ပြောပါတယ်။
-
2017-02-28 -
-
-
တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်လုပ်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းမယ့် အစီအစဉ်နဲ့ တွေ့ဆုံဆွေးနွေးခြင်းတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ကျောင်းသား ကိုဇေယျာလွင် က ပြောပါတယ်။
ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်း ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းခြင်း အခမ်းအနား ကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး သဘောထားကွဲလွဲမှုေတွကြောင့် ကော်မတီ ကို ဆွေးနွေးပွဲအပြီးမှာ မဖွဲ့ဖြစ်ခဲ့ဘူးလို့ ကိုဇေယျာလွင်က ပြောပါတယ်။
ကျောင်းသားသမဂ္ဂအချို့က ပြည်ထောင်စု အစိုးရအနေနဲ့ တက္ကသိုလ်တွေထဲမှာ ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက် ခွင့်ပေးမှသာ ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ဆောက် ဖို့ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းဖို့ သဘောတူညီမယ်လို့ တောင်းဆိုခဲ့ကြပါတယ်။
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာရှိတဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အဦးကို လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က ဗုံးခွဲဖျက်ဆီးခဲ့တာ ဖြစ်ပြီး ၅၄ နှစ်အကြာ အန်အယ်လ်ဒီအစိုးရသစ် လက်ထက် ရောက်မှသာ ပြန်လည် တည်ဆောက်ပေးဖို့ စီစဉ်တာဖြစ်ပါတယ်။
ဒီကနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ၁၉၆၂ ခုနှစ်ကစပြီး အခုချိန်ထိဖဲ့ွစည်းခဲ့တဲ့ ကျောင်းသား သမဂ္ဂ မျိုးဆက်အသီးသီးက တက်ရောက်ခဲ့ကြပါတယ်။