ကျောင်းသားသပိတ် ကို ဖြတ်လေးဖြတ်နည်း သုံးနေ ပြီလားလို့ မေးခွန်းထုတ်

ဒီမိုကရေစီပညာရေးအတွက် မန္တလေး-ရန်ကုန် ချီတက်ဆန္ဒပြနေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို လက်ပံတန်းမြို့ လမ်းလယ်ခေါင်မှာ ရဲအင်အားအလုံး အရင်းနဲ့ တားဆီးပိတ်ဆို့ထားတာ ဒီနေ့ဆိုရင် ၆ ရက်မြောက် ရှိပြီဖြစ်သလို၊ ပြည်သူတွေက အစားအသောက်လှူဒါန်း တာတွေ၊ သွားရောက်တွေ့ဆုံတာ တွေကိုလည်း အရင်ထက် ပိုပြီး တားမြစ်ချုပ်ကိုင်လာနေပြီလို့ သိရပါတယ်။

လက်ပံတန်းမြို့မှာ ၂ဝ၁၅ ခုနှစ် မတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားခြင်းကိုခံရတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ဒီမိုကရေစီပညာရေးအတွက် မန္တလေး-ရန်ကုန်ချီတက် ဆန္ဒပြနေတဲ့သပိတ်မှောက်ကျောင်းသားတွေကို လက်ပံတန်းမြို့ လမ်းလယ်ခေါင်မှာ ရဲအင်အားအလုံး အရင်းနဲ့ တားဆီးပိတ်ဆို့ထားတာ ဒီနေ့ဆိုရင် ၆ ရက်မြောက်ရှိပြီဖြစ်သလို၊ ပြည်သူတွေက အစား အသောက်လှူဒါန်းတာတွေ၊ သွားရောက်တွေ့ဆုံ တာတွေကိုလည်း အရင်ထက်ပိုပြီး တားမြစ်ချုပ်ကိုင် လာနေပြီလို့ သိရပါတယ်။

သူတို့ကို အခုလိုဆောင်ရွက်လာတာ ဟာ ဖြတ်လေးဖြတ် စစ်ဆင်ရေးနဲ့တူနေပြီလို့ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို ပြောပါတယ်။

"ကျနော်တို့သပိတ်စစ်ကြောင်းကို ပြင်ပကနေပြီးတော့ အစားအသောက်တွေပေးဖို့လာတာပဲဖြစ်ဖြစ်၊ ကျနော်တို့ ကျောင်းသားတွေနဲ့ တွေ့ဖို့လာတာပဲဖြစ်ဖြစ် သူတို့ကလက်မခံတာ၊ အလှူရှင်ဆီက နာမည်တွေ မှတ်ပုံတင်နံပါတ်တွေတောင်းတာ အမှန်ဆိုမလိုအပ်ဘူးပေါ့၊ ကျနော်တို့ကိုလှူသလိုမျိုးပေါ့ ရဲတပ်ဖွဲ့ကို လာလှူနေတဲ့အလှူရှင်တွေရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် ပြည်သူကကျောင်းသားကို ဂရုဏာစိတ်နဲ့ ပူးပေါင်း ပါဝင်ချင်တဲ့ဟာကို အစိုးရအနေနဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာသုံးပြီးတော့ ဒီဟာကိုဖြတ်တောက်နေ တယ်လို့ ကျနော်တို့မြင်တယ်၊ စစ်ရေးအမြင်နဲ့ သပိတ်စစ်ကြောင်းက ကျောင်းသားတွေအပေါ်မှာ ဆက်ဆံနေတယ်၊ ဖြတ်လေးဖြတ်နဲ့ ဆက်ဆံနေတယ်ပေါ့ အဲ့လိုမျိုးကျနော်တို့ကမြင်တယ်၊ ဒါအစိုးရအနေ နဲ့ မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်"

မနေ့ညကဆိုရင် ဂီတပညာရှင် မဇ္ဈိမလှိုင်း ဦးရဲလွင်နဲ့ ပန်းရဲ့လမ်းအဖွဲ့ဝင်တွေ၊ဒေါက်တာသိန်းလွင် ဦးဆောင်တဲ့ NNER ပညာရေးကွန်ရက်အဖွဲ့ဝင်တွေနဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တချို့ ကျောင်းသားတွေဆီ သွားတွေ့တာကို ပဲခူးတိုင်းနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးက တားမြစ်ခဲ့ပြီး ကျောင်းသားတွေဘက်က အပြင်းအထန်တောင်းဆိုမှ တွေ့ခွင့်ပြုတယ်လို့ဆိုပါတယ်။

အစိုးရက ကျောင်းသားတွေ သပိတ်ရပ်ပြီး အိမ်ပြန်ကြဖို့ကိုပဲ တောင်းဆိုနေတဲ့အတွက် ကျောင်းသား တွေကလည်း အစိုးရရဲ့ဆန္ဒကို လိုက်လျောဖို့အတွက် သပိတ်ကိုရပ်နားပေးလို့ရနိုင်မယ့် အခြေအနေ တစ်ရပ်ကိုရည်ရွယ်ပြီး ရန်ကုန်မှာ သပိတ်ရပ်အခမ်းအနားနဲ့ ရပ်မယ်ဆိုတဲ့ အချက် ၈ ချက်ပြန်လိုက် လျောဖို့ အစိုးရကိုတောင်းဆိုထား ပါတယ်။

ဒါပေမယ့် အစိုးရကမလိုက်လျောပဲ ကျောင်းသားတွေကို ဖိအားပေးနေတာလို့ဆိုပါတယ်။

လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org