လွှတ်တော်ကြားနာပွဲ မတက်ရောက်နိုင်ကြောင်း ကျောင်း သားတွေ တင်ပြ


2015.03.05
parliament-hearing-students-305.jpg ထိုင်သပိတ်ဆင်နွှဲနေတဲ့ ကျောင်းသားတွေ ကြားနာပွဲ မတက်ရောက်နိုင်ကြောင်း မတ်လ ၅ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကျောင်းသားကိုယ်စားလှယ် ကိုဇေယျာလွင် တင်ပြနေစဉ်
Photo: Myo Thant Khaing/RFA

အမျိုးသားပညာရေး ဥပဒေကြမ်းပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော်မှာ ကြားနာပွဲကျင်းပခဲ့ရာမှာ သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်တွေက ကြားနာပွဲကို မတက်ရောက်နိုင်ကြောင်း အမျိုးသား လွှတ်တော်မှာ တက်ရောက်တင်ပြခဲ့ပါတယ်။

ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးထားတာကြောင့် ကြားနာပွဲကို မတက်ရောက် တာဖြစ်ကြောင်း ဒီနေ့အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့တဲ့ ကျောင်းသားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်က ပြောပါတယ်။

"ဒီကနေ့လွှတ်တော်မှာ ကြားနားပွဲစပါတယ်၊ တစ်ဖက် မှာလည်း လက်ပံတန်းမှာ ဒီလိုမျိုးတွေဖြစ်နေတယ်၊  ဒီနေ့ ကြားနာပွဲအစီအစဉ်တွေကို ကျနော်တို့ ကျောင်း သားရဲဘော်တွေ ဒီလိုဖြစ်နေတဲ့အတွက် ဆက်ပြီးတော့ ကြားနာမှုအစီအစဉ်မှာ ပါဝင်နိုင်ခြင်းမရှိပါဘူး၊ ကျနော်တို့အနေနဲ့ကတော့ ဒီလိုမျိုးကြားနာမှုအပေါ် မှာ ဖြစ်အောင်လည်း ကျနော်တို့ အစောကြီးကတည်းက လိုလားခဲ့တယ်၊ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းကြောင့် ကျနော်တို့ဒီနေ့ ကြားနာမှုအစီအစဉ်ကို ဆက်လက်တက်ရောက်မှာ မဟုတ်ပါဘူး"

ကျောင်းသားတွေအနေနဲ့ နောင်လာမယ့်ကြားနာပွဲတွေမှာ အခွင့်အရေးရှိရင် တက်ရောက်မယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။

အမျိုးသားလွှတ်တော်က ကြားနာပွဲကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကလည်း တက်ရောက်ဖို့ ရက်ရွှေ့ဆိုင်းလိုက်တယ်လို့လည်း မနေ့က ထုတ်ပြန်ထားပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူခဲ့တဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဒီကနေ့ အမျိုသားလွှတ်တော်မှာ ကြားနာပွဲကျင်းပခဲ့ပါတယ်။ အဲဒီကြားနာပွဲကို သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်တွေက မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအကြောင်းRFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

ဒီကနေ့ လွှတ်တော်ကြားနာပွဲကို သွားရောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။