ကျောင်းသားတွေ သစ်ရာကောက် ရောက်ရှိ
မန္တလေးကနေရန်ကုန်ကို ချီတက်လာနေ တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မနေ့ညက မကွေးမြို့ကနေ မိုင် ၃ဝ လောက်ဝေးတဲ့ သစ်ရာကောက်ရွာကိုရောက်သွားပြီး၊ အဲ့ဒီရွာက ဓမ္မာရုံမှာ ညအိပ်ရပ်နားနေကြပါတယ်။
-
2015-02-04 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးကနေရန်ကုန်ကို ချီတက်လာနေတဲ့ ကျောင်း သားသပိတ်စစ်ကြောင်းဟာ မနေ့ညက မကွေးမြို့ ကနေ မိုင် ၃ဝ လောက်ဝေးတဲ့ သစ်ရာကောက်ရွာ ကိုရောက်သွားပြီး၊ အဲ့ဒီရွာက ဓမ္မာရုံမှာ ညအိပ်ရပ် နားနေကြပါတယ်။
ရာသီဥတုဒဏ်နဲ့ ခရီးပမ်းတဲ့အတွက် အနည်းငယ် ကျန်းမာရေး ထိခိုက်မှုရှိတယ်လို့ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုသီဟဝင်းတင်က RFA ကိုပြောပါတယ်။
"သစ်ရာကောက်ကိုရောက်နေပြီ၊ ကျန်းမာရေး အခြေအနေက တော်တော်များများ က နှာစေးချောင်းဆိုးတွေဖြစ်နေတယ်၊ ဆရာ ဝန်မေးကြည်တော့ ဆရာဝန်အနေနဲ့ ဖုန်မှုန့်တွေ၊ ဘက်တီရီးယားတွေကြောင့်ပေါ့နော် ဒီလိုဖြစ်တာ လို့ပြောတယ်၊ တချို့ကျတော့လည်း ညောင်းညာ ကိုက်ခဲပြီးတော့ ခြေထောက်တွေ ပေါက်ပြဲလာတာတွေရှိတယ်၊ တချို့ကျတော့ ဖျားတာတွေလည်း ရှိပါတယ်"
ဆွေးနွေးပွဲပုံသဏ္ဍန်နဲ့ပတ်သက်လို့ အစိုးရဘက်က လူဦးရေအကန့်အသတ်နဲ့ ကျင်းပချင်တဲ့ အတွက် ပြန်ဆွေးနွေးဖို့လိုနေပြီလို့ ပြောဆိုတာနဲ့ပတ်သက်လို့ ကိုသီဟဝင်းတင်က
"ကျနော်တို့က အစောကြီးကတည်းက သူတို့နဲ့ဆွေးနွေးဖို့ ညှိနှိုင်းချက်ပြောဖို့ စတင်ကတည်းက ကျနော် တို့ လူထုကြားထဲမှာ ဆွေးနွေးမယ်၊ မီဒီယာရှေ့မှောက်မှာ ဆွေးနွေးမယ်လို့ ကျနော်တို့ သူတို့ကို ပြော ထားတယ်၊ ကျနော်တို့ မူအနေနဲ့လည်း ချထားပါတယ်၊ ဒါပွင့်ပွင့်လင်းလင်းပဲ ကျနော်တို့ဘက်က မှန်တာ လုပ်လို့၊ ရိုးသားတာလုပ်လို့ ကျနော်တို့ ပြည်သူကြားထဲမှာ ဆွေးနွေးရဲတယ်၊ မရိုးသားတဲ့လူကတော့ ဒီအနေအထားမျိုးကိုတော့ ကြိုက်မှာမဟုတ်ဘူး"
ဒီနေ့မနက်မှာတော့ သစ်ရာကောက်ရွာကနေ တောင်တွင်းကြီးမြို့ကို ခရီးဆက်မယ်လို့ဆိုပါတယ်။
မကွေးမြို့ကနေ သစ်ရာကောက်ရွာကိုရောက်သွားတဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုသီဟဝင်းတင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။