တိုက်ပွဲတွေရပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုး တောင်းဆိုမယ်
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆို သွားမယ်လို့ မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောပါတယ်။
-
2016-10-06 -
-
-
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆိုသွားမယ်လို့ မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။
တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့အတွက် ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီး တောင်းဆိုသွားမှာဖြစ်ကြောင်း မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောပါတယ်။
"၂၁ ပင်လုံအပြီးမှာ ဒီစစ်ပွဲတွေက ပွဲပြီးမှပြင်းထန်လာတယ်၊ ပြည်သူတွေရဲ့ အခက်အခဲကို သက်ဆိုင်ရာဌာနကို တင်ပြသွားဖို့ ကျမတို့ အဲ့လိုစီစဉ်ထားပါတယ်"
ဒီကနေ့မနက်ပိုင်းကလည်း ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ မြစ်ကြီးနားမြို့မှာ လူပေါင်းတစ်သောင်းကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေ မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။