ရှမ်းပြည် မြောက်ပိုင်း စစ်ရေးတင်းမာ

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်း တစ်ခုကို အစိုးရတပ်က နောက်ဆုတ်ပေးဖို့ ဒီရက်ပိုင်းအတွင်းက တောင်းဆိုခဲ့ပေမယ့် SSPP/SSA အဖွဲ့က သဘောမတူဘူးလို့ သိရပါတယ်။

SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားများကို ၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတနေရာတွင် တွေ့ရစဉ်။ Photo courtesy of Shanland

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်းတစ်ခုကို အစိုးရတပ်က နောက်ဆုတ်ပေးဖို့ ဒီရက်ပိုင်းအတွင်းက တောင်းဆိုခဲ့ပေမယ့် SSPP/SSA အဖွဲ့က သဘောမတူဘူးလို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်အလယ်ပိုင်း ခိုလန်မြို့အခြေအစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ မိုင်းရှုးမြို့နယ်အတွင်းက တာဆန်းပူးဆိုတဲ့ SSPP/SSA စခန်းတစ်ခုကိုဆုတ်ပေးဖို့ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးကိုယ်တိုင် တယ်လီဖုန်းနဲ့ အကြောင်းကြားလာတာဖြစ်တယ်လို့ ရှမ်းသတင်းရပ်ကွက်အဆိုအရ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလောင်စိုင်းက

"သူတို့ဖယ်ခိုင်းတိုင်း ကျွန်တော်တို့ ဖယ်လို့မရဘူး၊ ဒီမှာ ကျွန်တော်တို့ လုံခြုံရေးယူထားတယ်"

အရင်ကလဲ အလားတူ အစိုးရတပ်က ဆုတ်ခိုင်းခဲ့တာကြောင့် SSPP/SSA စခန်းအတော်များများ ဆုတ်ပေးလိုက်ရသလို တိုက်ပွဲတွေလဲ ဇွန်လ ၂ဝ ရက်နေ့အထိ မကြာခဏဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် အခုလို ပြဿနာတွေမဖြစ်အောင် ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ လိုနေတဲ့အကြောင်းလည်း ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မေလ ၁၁ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ SSPP/SSA ခေါင်းဆောင်တွေ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြဿနာဖြစ်ပွားနိုင်တဲ့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာကိစ္စတွေ ညှိနှိုင်းဖို့အပါအဝင် အချက်လေးချက် သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့ဟာ အစိုးရနဲ့ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တာဖြစ်ပါတယ်။

အပစ်ရပ်တစ်နှစ်ကျော်ကာလအတွင်းမှာ နှစ်ဖက်တိုက်ပွဲကြီးတိုက်ပွဲငယ်  အကြိမ် ၁ဝဝ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org