ကိုးကန့်တိုက်ပွဲတွေမှာ ပါဝင်ကြောင်း စွပ်စွဲချက် SSPP/SSA အဖွဲ့ ငြင်းဆို

ကိုးကန့်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မှာ ကိုးကန့်အဖွဲ့တွေနဲ့အတူ တပ်မတော်ကို တိုက်ခိုက်တာမှာ SPPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ပါဝင်တယ်လို့ စွပ်စွဲပြောဆိုမှုနဲ့ပတ် သက်ပြီး ကန့်ကွက်ကြောင်း SSPP/SSA က RFA ကို ပြောပါတယ်။

ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။ Photo courtesy of SSPP/SSA

ကိုးကန့်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကိုးကန့် အဖွဲ့တွေနဲ့အတူ တပ်မတော်ကို တိုက်ခိုက်တာမှာ SPPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် ပါဝင်တယ်လို့ စွပ်စွဲပြောဆိုမှုနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း  SSPP/SSA က RFA ကို ပြော ပါတယ်။

ပြီးခဲ့တဲ့ ဖေဖဝါရီလ ၉ ရက်နေ့ကစပြီး  ကိုးကန့်နယ် အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အစိုးရတပ်တွေ ကို ကိုးကန့်တပ်ဖွဲ့တွေအပြင် KIA ကချင် လွတ်မြောက်ရေးတပ်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ ရှမ်းပြည် တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့တွေ ပူးပေါင်းပါဝင် တိုက်ခိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်းက ငြင်းဆိုပါတယ်။

"သံလွင်မြစ်အရှေ့ဘက်မှာ ကျနော်တို့တပ်တွေမရှိဘူး၊ အများကြီးဝေးပါတယ်၊ သံလွင်မြစ်ကြီးခြားထားပါတယ်၊ တစ်ခုကကြားထဲက မဟာမိတ်အဖွဲ့အစည်းတွေရှိပါတယ်၊ ကျန်တဲ့အဖွဲ့အစည်းတွေရှိပါတယ်၊ အဲ့ဒါမရှိတာကို ဘယ်လိုကြောင့် ကျနော်တို့ကို ကိုးကန့်မှာ ပါဝင်တိုက်ခိုက်နေပါတယ်လို့ ပြောနေတာဟာ တရားနည်းလမ်းမကျပါဘူး၊ လက်တွေ့လည်းမကျပါဘူး၊ အဲ့ဒါကိုကျနော်တို့ လုံးဝကန့်ကွက်တယ်"

ဦးခွန်ဆိုင်းက ဝမ်ဟိုင်းမှာရှိတဲ့ SSA တပ်တွေကို အစိုးရတပ်တွေက တပ်အချင်းချင်းအဆက်အသွယ်နဲ့ လှုပ်ရှားလို့မရအောင် ပိတ်ဆို့ထားတယ်လို့ ပြောပါတယ်။

အခုလို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး KIA အဖွဲ့ကလည်း ငြင်းဆိုထားပါတယ်။  ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA နဲ့ ရခိုင်တပ်မတော် AA တို့က မိမိတို့ ပါဝင် တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားတာဖြစ်ပါတယ်။

SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးခွန်ဆိုင်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကိုးကန့်ဒေသက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးခေါင်းဆောင်တွေရဲ့အမြင်တွေကို ဒေါ်ခင်ခင်အိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org