ရိုဟင်ဂျာတွေအတွက် နောက်ထပ် ဒေါ်လာ ၂.၆ သန်းပေးမယ် လို့ တောင်ကိုရီးယား ပြောကြား

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေအတွက် တောင် ကိုရီးယား အစိုးရက နောက်ထပ်ကူညီငွေ အမေရိကန်ဒေါ်လာ ၂.၆သန်း ထောက်ပံ့မှာဖြစ်တယ်လို့ အင်္ဂါနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂ဝ၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့ကို တွေ့ရစဉ်။ Photo: BenarNews

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေအတွက် တောင်ကိုရီးယား အစိုးရ က နောက်ထပ်ကူညီငွေ အမေရိကန်ဒေါ်လာ ၂.၆သန်း ထောက်ပံ့မှာဖြစ်တယ်လို့ အင်္ဂါနေ့က နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

အခုထပ်မံကူညီမယ့် အလှူငွေဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံက နေထွက်ပြေးကြသူ ရိုဟင်ဂျာတွေအတွက်ဖြစ်ပြီး စားနပ်ရိက္ခာတွေ အဓိကပံ့ပိုးပေးနိုင်ရေးအတွက်ဖြစ်တယ်လု့ိ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံအနေနဲ့ အစောပိုင်းက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီပြီးဖြစ်ပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးစတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာအနေနဲ့ အမေရိကန်ဒေါ်လာ ၁၃၁.၇သန်း အကူအညီပေး ဖို့ ဆော်သြနေတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org