တရားစီရင်ရေးမဏ္ဍိုင် မှန်ကန်ဖို့ တစ်ကိုယ်တော် ဆန္ဒပြ

တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှု မရှိကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေကို လွှတ်ပေး ဖို့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအဖွဲ့ (အထက်မြန်မာပြည်) ရဲ့ အဖွဲ့ဝင် ဦးမျိုးဝင်းက ဒီနေ့ မန္တလေးမြို့ တိုင်းတရား လွှတ်တော်ရုံးအနီးမှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ Photo: AFP

တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှုမရှိကြောင်းနဲ့ ဖမ်းဆီး ခံထားရတဲ့ လယ်သမားတွေကို လွှတ်ပေးဖို့ တောင်သူ လယ်သမားနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက် သူများအဖွဲ့ (အထက်မြန်မာပြည်) ရဲ့ အဖွဲ့ဝင် ဦးမျိုးဝင်းက ဒီနေ့ မန္တလေးမြို့ တိုင်းတရားလွှတ်တော်ရုံးအနီးမှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။

လယ်ယာမြေအမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် နဲ့ တောင်သူတွေအကြား တရားစွဲဆိုမှုတွေမှာ စစ်တပ်ကသာ တရားစွဲခွင့်ရှိပြီး တောင်သူတွေက တရားစွဲခွင့်မရှိတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းချုပ်သူတွေရှိနေကြောင်း ဦးမျိုးဝင်းက ပြောပါတယ်။

"စစ်တပ်ကသိမ်းတယ်၊ တရားစွဲတော့ စစ်တပ်က ဆွဲတယ်၊ စစ်တပ်က တရားစွဲတာကျတော့ တရားရုံးတွေက လက်ခံပေးတယ်၊ ကျနော်တို့ တောင်သူတွေ ကျနော်တို့ပြည်သူတွေက စစ်တပ်ကို တရားစွဲမယ်ဆိုလို့ရှိရင် တရားစွဲခွင့်မရှိဘူး၊ ဒါကလုံးဝသဘာဝမကျဘူး၊ စစ်တပ်အတွင်းမှာ မဟုတ်တာတွေ လုပ်နေတဲ့ စစ်စည်းကမ်းနဲ့ မညီတဲ့အလုပ်တွေလုပ်နေတဲ့ ရဲဘော်တွေ စစ်သားတွေရှိတယ်၊ ဗိုလ်ကြီးတွေ ဗိုလ်ချုပ်တွေရှိတယ်၊ ဒါတွေကို ကျနော်တို့ တရားစွဲဖို့ ကြိုးစားတဲ့အခါကျရင် တရားရုံးတွေက တရားစွဲခွင့် မရှိပါဘူးတဲ့၊ အဲတော့ တရားစီရင်ရေးမဏ္ဍိုင်အပေါ်မှာ စစ်တပ်ကရော အုပ်ချုပ်ရေးအဖွဲ့ကရော ဥပဒေပြုရေး လွှတ်တော်ဆိုတဲ့ဟာပါ တရားစီရင်ရေးမဏ္ဍိုင်ကို အပေါ်ကနေ ဖိနှိပ်ထားတယ်၊ ဒီထဲမှာ ခရိုနီတွေလည်းပါတယ်"

ဦးမျိုးဝင်းဟာ နိုင်ငံတော်သမ္မတ ဦးဆောင်ပြီး တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေ ဖွဲ့ပေးဖို့၊ တရားဥပဒေကို မလိုက်နာတဲ့ တရားသူကြီးတွေနဲ့ တရားရေးမဏ္ဍိုင်အပေါ် ဖိအားပေးသူတွေကို ဖော်ထုတ်အရေးယူပေးဖို့၊ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ တောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ တောင်သူ ၅၀၀ ကျော်ကို လွှတ်ပေးဖို့ စတာတွေကို တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ငွေစက္ကူတွေကပ်ထားတဲ့ ရှေ့နေတိုက်ပုံကို ဝတ်ဆင်ထားပြီး တရားရုံးတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေကြောင်း သရုပ်ဖော်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org