တိုက်ပွဲတွေကြောင့် မြို့နယ်သုံးခု မှာ ရွေးကောက်ပွဲရပ်ဆိုင်းထားဖို့ ကျားဖြူပါတီ တင်ပြ
အစိုးရစစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ မိုင်းရှုးမြို့ နယ်၊ ကျေးသီးမြို့နယ်နဲ့ တန့်ယန်းမြို့နယ်တွေ မှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ခေတ္တယာယီ ရပ်ဆိုင်းပေးဖို့ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့စွဲနဲ့ တင်ပြထားပါတယ်။
-
2015-10-23 -
-
-
Your browser doesn’t support HTML5 audio
အစိုးရစစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ မိုင်းရှုးမြို့နယ်၊ ကျေးသီးမြို့နယ်နဲ့ တန့်ယန်းမြို့နယ်တွေ မှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ခေတ္တယာယီရပ်ဆိုင်းပေးဖို့ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့စွဲနဲ့ တင်ပြထားပါတယ်။
ဒီတင်ပြချက်နဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောက်ထပ် အချက်အလက်တွေ စုဆောင်းနေပြီး ရွေးကောက်ပွဲ ဆိုင်းငံ့ဖို့ တင်ပြချက်ကို စဉ်းစား သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူ က RFA ကိုပြောပါတယ်။
"ဒီရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေအရ ရွှေ့ဆိုင်းရန်သင့်မသင့်ကို အချို့အချက် တွေလိုနေသေးတဲ့အတွက်ကြောင့် ထပ်ပြီးတော့ယူနေပါတယ်၊ အားလုံး စုံတယ်ဆိုရင် စဉ်းစားမှာဖြစ်ပါတယ်၊ ပါတီတစ်ခုတည်းကပဲ တင်ပြတာရှိသေးတဲ့ အတွက်ကြောင့် အချက်အလက်တွေဆိုတာက သက်ဆိုင်ရာပြည်နယ်အစိုးရ စသည်ဖြင့် သူတို့ဆီက လည်းအချက်အလက်လေးတွေ ထပ်ရမှဖြစ်ပါတယ်၊ အဲ့သက်ဆိုင်ရာ နယ်မြေဒေသ မှာရှိတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစပ်ကော်မတီ ရဲ့အကြံပြုချက်လည်းလိုပါတယ်၊ သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့ ပါတီတွေရဲ့အကြံပြုချက်ကိုလည်း ထည့်သွင်း စဉ်းစားပေးမှာဖြစ်ပါတယ်"
ကျားဖြူပါတီရဲ့ တင်ပြတဲ့စာထဲမှာတော့ တိုက်ပွဲဖြစ်နေတဲ့ အဲဒီမြို့နယ် (၃)ခုက ဒေသခံတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့အတွက် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်မှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်၊ ဒါ့ကြောင့် နယ်မြေအေးချမ်းပြီး သင့်တော်တဲ့အချိန်ကျမှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ဒေသခံတွေက ဆန္ဒရှိတယ် လို့လည်း ပါဝင်ပါတယ်။
ဒါပေမယ့် ကျားခေါင်းပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အဲဒီမြို့နယ်(၃) ခုမှာ ရွေးကောက်ပွဲ ဆိုင်းငံ့မယ်ဆိုရင် လက်မခံဘဲ ကန့်ကွက် သွားမှာဖြစ်ပြီး ရှမ်းလူထုဘဝတည်ငြိမ်အေးချမ်းဖို့အတွက် ရွေးကောက်ပွဲ ရလာဒ်ကနေ အမြန်ဆောင်ရွက်သွားဖို့ လိုတယ်လို့ RFA ကိုပြောပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။