ပါတီနဲ့ သဘောထားချင်း မကိုက်လို့ မိုင်းရှုး SNDP ပါတီဝင်များ နှုတ်ထွက်
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မိုင်းရှူးမြို့နယ် ဥက္ကဋ္ဌ နဲ့ မြို့နယ် ဗဟိုကော်မတီဝင် ၁၈ ဦး နှုတ်ထွက်ပြီး မိုင်းရှူးမြို့နယ် ပါတီရုံးခန်း ကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
-
2014-06-05 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်က ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မိုင်းရှူးမြို့နယ် ဥက္ကဋ္ဌ နဲ့ မြို့နယ် ဗဟိုကော်မတီဝင် ၁၈ ဦး နှုတ်ထွက် ပြီး မိုင်းရှူးမြို့နယ် ပါတီရုံးခန်း ကိုလည်း ပိတ်သိမ်းလိုက် တယ်လို့ သိရပါတယ်။
ပါတီဝင်တွေ နှုတ်ထွက်ပြီး ရုံးပိတ်လိုက်ရတဲ့အကြောင်း ကိုတော့ မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအုန်းက အခုလို ပြောပါတယ်။
"ကျနော်တို့ နှုတ်ထွက်ရခြင်း အကြောင်းအရင်း ကတော့ မြို့နယ်ကလည်း ငယ်တယ်၊ နောက်ပြီး လူဦးရေလည်း နည်းတယ်၊ ပါတီက များနေတော့လေ ကျနော်တို့ ရှမ်းတိုင်းရင်းသားပါတီဖက်မှာ အင်အားကြီး တဲ့ပါတီ နှစ်ပါတီဖြစ်နေတဲ့ခင်ဗျ၊ ဒါကြောင့် တစ်ပါတီ တည်းဖြစ်စေချင်တယ်၊ နောက်ပါတီရဲ့မူဝါဒ ကိုယ့်ရဲ့ သဘောဆန္ဒနဲ့ မသင့်တော်လို့ ကျနော်တို့ နှုတ်ထွက် ရတာပါ"
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့အတူ မိုင်းတုံမြို့နယ်မှာ ပါတီဝင် တစ်ထောင်ကျော် နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
နှုတ်ထွက်လိုက်တဲ့ မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအုန်း ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်သွယ်မေးမြန်းထားပါတယ်။