SME လုပ်ငန်းတွေ ချေးငွေရရှိမှု နည်းပါး

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်း SME ပေါင်း ၅၂၀၀၀ ခန့်ရှိပြီး အဲဒီအထဲက ၁၉၀ ကျော်သာ ချေးငွေရရှိထားတဲ့အတွက် SME ကဏ္ဍ ဖွံ့ဖြိုးဖို့ မလွယ်ဘူး လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ထွန်းနိုင် က ဝေဖန်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ထွန်းနိုင် ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်း  SME ပေါင်း ၅၂၀၀၀ ခန့်ရှိပြီး အဲဒီအထဲက ၁၉၀ ကျော်သာ ချေးငွေရရှိထားတဲ့အတွက် SME ကဏ္ဍ ဖွံ့ဖြိုးဖို့ မလွယ်ဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ထွန်းနိုင် က ဝေဖန်လိုက်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့ထားတဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ပထမ ၆ လပတ် အမျိုးသား စီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာမှာပါရှိတဲ့ SME လုပ်ငန်းတွေကို ချေးငွေထုတ်ပေးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးတင့်ထွန်းနိုင်က အခုလိုပြောတာ ဖြစ်ပါတယ်။

"ဒီတိုင်းပြည်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစား၊ အလတ်စား အဲလိုလုပ်ငန်းမျိုးက ၅ သောင်း ၂ ထောင်နီးပါးရှိတယ်၊ အဲဒီတော့ တင်ပြလာတဲ့ ပထမ ၆ လအတွက် စီမံကိန်းအစီရင်ခံစာမှာ SME တွေကို ချေးငွေထုတ်ချေးခဲ့တာ အားလုံးထုတ်ချေးခဲ့တာမှ ၂ဝဝ မပြည့်ဘူးဗျာ၊ ပထမ ၆ လပတ်မှာ ၁၉ဝ ကျော်ကျော်ပဲ ချေးနိုင်ခဲ့တယ်၊ လုပ်ငန်းပေါင်း ၁၉ဝ၊ အဲဒီတော့ တစ်တိုင်းပြည်လုံးမှရှိနေတဲ့ SME ပေါင်းသည် ၅ သောင်း ၂ ထောင်ရှိတယ်၊ လက်တွေ ၆ လပတ်မှာ ချေးခဲ့တာသည် ၁၉ဝ လောက်ပဲရှိတယ်၊ ဒီနှုန်းနဲ့သွားရင်ပေါ့ဗျာ လိုအပ်ချက်နဲ့ ဒီကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ မလွယ်ဘူး"

ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်အတွက် စီးပွားရေးလုပ်ဆောင်ရလွယ်ကူတဲ့ နိုင်ငံတွေအဆင့် သတ်မှတ်ချက်မှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၉၀ မှာ အဆင့် ၁၇၀ သာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၁၉၀မှာ အဆင့် ၁၇၁ ရရှိခဲ့တာပါ။

ကမ္ဘာ့ဘဏ်က အဲဒီလိုအဲဒီလိုအဆင့် သတ်မှတ်ရာမှာ စီးပွားရေးလုပ်ငန်းလွယ်ကူစွာစတင်နိုင်မှု၊ ချေးငွေ လွယ်ကူစွာရရှိနိုင်မှုနဲ့ ပြည်ပကို လွယ်ကူစွာကုန်သွယ်နိုင်မှုအပါအဝင် အချက် ၁၀ ချက်ပေါ် မူတည်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org