ရခိုင်မှာ ဖမ်းဆီးထားတဲ့ AZG ဝန်ထမ်းတချို့ကို ပြန်လွှတ်ပေး
ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဟော်လန် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (AZG) အဖွဲ့အစည်းက ရခိုင်ပြည်နယ်ဆိုင်ရာ တာဝန်ခံအရာရှိ ဦးကျော်လှအောင်နဲ့ ဝန်ထမ်း အချို့ကို အာဏာပိုင်တွေက ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
-
2012-08-16 -
-
-
အဲဒီဖမ်းဆီးထားသူတွေထဲက ၂ ဦးကို စစ်တွေအကျဉ်းထောင်က ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ၃ ဦးကိုတော့ ဘူးသီးတောင် တရားရုံးကနေ ဒီကနေ့ ညနေ ၅ နာရီလောက်မှာ လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေက ဝန်ထမ်းအချို့ကို မကြာသေးခင်က ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အကြောင်းရင်းတွေနဲ့ တစ်နည်းတစ်ဖုံ ဆက်နွယ် ပတ်သက်နေတယ်လို့ ယူဆကာ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပါတယ်။ ဒါပေမယ့် AZG ဝန်ထမ်းတွေကိုတော့ ဒီကနေ့ အပြီးအပြတ် လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဘူးသီးတောင်ထောင်မှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲ (၃) ဦးဟာ များမကြာမီက လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့သူတွေ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး စစ်တွေ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဦးကျော်လှအောင်နဲ့ အာရ်အက်ဖ်အေ အဖွဲ့သူ ဒေါ်အင်ကြင်းနိုင် ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။
ဆက်သွယ် မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |