တိုးတိုးတိတ်တိတ်သာ ပျော်ရွှင်ဖို့ ကာတွန်းပိုစတာနဲ့ လှုပ်ရှား

ပျော်ရွှင်ရတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်မှာ တင်ခွင့်ရှိပေမယ့် နိုင်ငံအနှံ့ရှိနေတဲ့ အိုးပစ်အိမ်ပစ်ရသူတွေ၊ သေကွဲရှင်ကွဲ ကွဲကွာရသူတွေ၊ ရွာတွေမီးရှို့ခံနေရတာတွေကို ကိုယ်ချင်းစာစိတ်နဲ့ မိမိအပျော်ကို လူထုကို မတင်ပြဘဲ တိတ်တိတ်လေးပျော်ဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။

တိတ်တိတ်လေးပျော်ပေးပါ၊ တိုးတိုးလေးငိုနေသူတွေရှိတယ်ဆိုတဲ့ ကာတွန်းပိုစတာကို တွေ့ရစဉ်။ Octopus

တိတ်တိတ်လေးပျော်ပေးပါ၊ တိုးတိုးလေးငိုနေသူတွေရှိတယ်ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကာတွန်းပိုစတာ လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ မတ် ၂၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့နဲ့ Harry (Shitty Artworks) ကာတွန်းဆရာတွေ ပူးပေါင်းလှုပ်ရှားတာလို့ ဒီအကြောင်း လူမှုကွန်ရက်မှာ ဖော်ပြတဲ့ Octopus ရေဘဝဲအဖွဲ့ရဲ့ ဥက္ကဋ္ဌက RFA ကို ပြောပါတယ်။

ပြည်သူတွေ ပျော်ရွှင်တာ ပိတ်ပင်တားဆီးတာ မဟုတ်ဘဲ တိုးတိုးတိတ်တိတ်ပဲ ပျော်ရွှင်ဖို့ အမှာစကားပါးတာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကို အာရုံလွှဲစေဖို့ ပျော်ပွဲရွှင်ပွဲတွေလုပ်တဲ့အပြင် တိုင်းရင်းသားလူမျိုးစုတွေနဲ့ နိုင်ငံတော်ရဲ့ယဉ်ကျေးမှုအမွေအနှစ် ရိုးရာပွဲတော်တွေကိုပါ ဝါဒဖြန့်ချိရေးအတွက် အသုံးချနေတယ်လို့ ပြောပါတယ်။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမှာ ဖြစ်ပေမဲ့ မပျော်ပါနဲ့လို့ တားဆီးခွင့်မရှိပါဘူးလို့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ပျော်ရွှင်ရတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်မှာ တင်ခွင့်ရှိပေမယ့် နိုင်ငံအနှံ့ရှိနေတဲ့ အိုးပစ်အိမ်ပစ်ရသူတွေ၊ သေကွဲရှင်ကွဲ ကွဲကွာရသူတွေ၊ ရွာတွေမီးရှို့ခံနေရတာတွေကို ကိုယ်ချင်းစာစိတ်နဲ့ မိမိအပျော်ကို လူထုကို မတင်ပြဘဲ တိတ်တိတ်လေးပျော်ဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။

လူမြင်ကွင်းမှာ ကပ်တဲ့ ပိုစတာမှာ တော်လှန်ရေးအသိဉာဏ်ခေါင်းပါးချို့တဲ့သူ ရေပေါ်ဆီသူငယ်ချင်းတွေကို ကူညီ နှစ်သိမ့်ပါ ချစ်ခြင်းမေတ္တာနဲ့ စည်းရုံးပါစတဲ့ စာသားရေးသားထားတာလည် တွေ့ရပါတယ်။

ခု မတ်လကုန် ဧပြီရောက်တော့မှာမို့ အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်ပွဲတော်ကျင်းပဖို့ စီစဉ်နေတာပါ။

သင်္ကြန်ပွဲတော်ကျင်းပမှာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ရန်ကုန်တိုင်း စစ်ကောင်စီ ပြောခွင့်ရသူကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org