ရွှေမိ ပလပ်စတစ်စက်ရုံကို အစိုးရက ယာယီပိတ်သိမ်း
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၁ က ရွှေမိပလပ်စတစ်စက်ရုံကို သဘာဝပတ်ဝန်းကျင် သက်ရောက်မှု လေ့ လာစမ်းစစ်ချက် (EIA/SIA ) စစ်ဆေးရန်အတွက် ယာယီ ပိတ်သိမ်းထားဖို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
-
2016-12-29 -
-
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၁ က ရွှေမိပလပ်စတစ်စက်ရုံကို သဘာဝပတ်ဝန်းကျင် သက်ရောက် မှု လေ့လာစမ်းစစ်ချက် (EIA/SIA ) စစ်ဆေးရန်အတွက် ယာယီပိတ်သိမ်းထားဖို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ က ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က စာထုတ်ပြန်လိုက်တာဖြစ်ပြီး ပိတ်သိမ်းဖို့ အချိန်အတိအကျ မပါရှိဘူးလို့ ရွှေမိ ပလစ်စတစ်စက်ရုံ အထွေထွေမန်နေဂျာ ဦးထွန်းအောင်က ပြောပါတယ်။
"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားတာပါ၊ EIA နဲ့ SIA စစ်ဖို့လို့ပြောပါတယ် အချိန် ကာလသတ်မှတ်ချက်မပါရှိပါဘူး၊ EIA နဲ့ SIA စစ်ဆေးဖို့အတွက် စက်ရုံပိတ်သိမ်း ဆောင်ရွက်ပါလို့ ညွှန်ကြား ပါတယ်"
ရွှေမိ ပလစ်စတစ်စက်ရုံမှာ အလုပ်သမား ၃၀၀ နီးပါးရှိပြီး အလုပ်သမား ၁၅၀ ကျော်က ဓါတုပစ္စည်းတွေ အသုံးပြုပြီး အလုပ်လုပ်ကိုင်ရတဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်သွားသူတွေကို လုပ်သက် တစ်နှစ်ရှိရင် အခြေခံလစာတစ်လစာ ကျန်းမာရေးစရိတ်ပေးဖို့နဲ့ လုပ်သက်အလိုက် လစာတွေသက်မှတ်ပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကစတင်ပြီး တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဆန္ဒပြအလုပ်သမားတွေက ဓါတုဗေဒပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုရတယ်ဆိုပြီး ကျမ်းမာရေးစရိတ် တောင်းခံ တဲ့ တိုင်ကြားချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စက်ရုံပိတ်သိမ်းပြီး စစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လက်ရှိမှာစက်ရုံနဲ့ ဆန္ဒပြအလုပ်သမားတွေ ညှိနှိုင်းပြေလည်မှုမရရှိသေးပဲ စက်ရုံပိတ်သိမ်းထားရတဲ့ ကာလအတွင်း အလုပ်သမားတွေ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ အထွေထွေမန်နေဂျာ ဦးထွန်းအောင်က ပြော ပါတယ်။