မိုင်းရှူး ဒုက္ခသည် အခြေအနေ စစ်တမ်းကောက်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းမှာ ခှိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ နစ်နာ ဆုံးရှုံးမှုတွေကို လာမယ့် ပြည်သူ့လွှတ်တော် မှာ တင်ပြဖို့အတွက် စစ်တမ်းကောက်ယူနေပါတယ်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းမှာ ခှိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို လာမယ့် ပြည်သူ့လွှတ်တော် မှာ တင်ပြဖို့အတွက် စစ်တမ်းကောက်ယူနေပါတယ်။

စစ်ဘေးဒုက္ခသည်တွေအရေအတွက်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးတွေကို ကောက်ယူပြီး ရှမ်းပြည်နယ်ကနေ ရွေးကောက်ပွဲအနိုင်ရ ခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်မှာ တင်ပြဖို့ရှိတယ်လို့ အဲဒီဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။

"အချက်အလက်နဲ့ ပတ်သက်ပြီး ကျား၊ မ ကောက်ယူမှု၊ ကလေး၊ လူအိုဦးရေပေါ့နော်၊ နောက်တစ်ခါ ပျက်ဆီးသွားတဲ့တန်ဖိုး၊ သူတို့လိုက်ပြတယ်၊ လာကြည့်ပြီး မှတ်တမ်းယူ ပေးပါဆိုတော့ လက်နက်ကြီး မှန်ထားလို့ ဆိုင်ကယ်က ပျက်ဆီးနေတာတွေ၊ အဲ့ဒါတွေ ကိုလည်း မှတ်တမ်းတွေယူလာတာရှိတယ်၊ ရှမ်းပြည်နယ်က အနိုင်ရထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် ဒီအချက်အလက် အသေးစိတ်တွေကို တင်ပြပါမယ်"

စစ်ပြေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ပြောဆိုထားပြီး အတော်များများက ပြန်ကြပေမယ့် တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတချို့က အိမ်ထောင်စု ၂၅၀ ကျော်ကို အဲ့ဒီဒုက္ခသည်စခန်းမှာပဲ အစိုးရက ပြန်လည်နေရာချ ထားပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီဒုက္ခသည်တွေဟာ လက်ရှိမှာ လာရောက်လှူဒါန်းမှုတွေနဲ့ ရပ်တည်နေရပြီး ပြန်လည်ထူထောင်ရေးအတွက် လယ်ယာသုံးပစ္စည်းတွေ၊ အိမ်ဆောက် ပစ္စည်းတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းကို လွတ်လပ်သောရှေ့နေများအသင်း၊ ရှမ်းတောင် လူငယ်ကွန်ရက်၊ ရှမ်းလူငယ်ကွန်ရက်နဲ့ တောင်ကြီးပန်းချီဆရာအဖွဲ့က အလှူခံပြီး ထောက်ပံ့ကူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းကို သွားရောက်စစ်တမ်းကောက်ယူခဲ့တဲ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဌ လွတ်လပ်သောရှေ့နေများ အသင်းက ဒေါ်ခင်မိုးမိုးကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org