လင်းခေးမှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရက်ရွှေ့ဆိုင်းကြောင်း RCSS/SSA ထုတ်ပြန်
ရှမ်းပြည်နယ်အတွင်း ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က ဟန့်တားတာတွေရှိခဲ့တဲ့အတွက် လာမယ့်ဇန်နဝါရီလ ၁၂ ကနေ ၁၄ ရက်နေ့ အထိ လင်းခေးမြို့မှာပြုလုပ်မယ့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
-
2018-01-08 -
-
-
ရှမ်းပြည်နယ်အတွင်း ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော် ဘက်က ဟန့်တားတာတွေရှိခဲ့တဲ့အတွက် လာမယ့်ဇန်နဝါရီလ ၁၂ ကနေ ၁၄ ရက်နေ့အထိ လင်းခေးမြို့မှာပြုလုပ် မယ့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အကြိုလူထုတွေ့ဆုံပွဲတွေကို ရှမ်းပြည်နယ်ထဲမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရခဲ့တာကြောင့် ရက်ရွှေ့လိုက်တာလို့ RCSS/SSA က ဒုတိယဗိုလ်မှူးကြီး စိုင်းဦး က ပြောပါတယ်။
"လူထုနဲ့ တွေ့ဆုံပွဲလုပ်တဲ့အခါမှာ ပိတ်ပင်တားဆီးခံရတယ်ပေါ့နော်၊ တပ်ကနေလာပြီးတော့ လူအင်အားနဲ့ စစ်အင်အားနဲ့ မလုပ်ဖို့ဆိုပြီး လာပိတ်ပင်တာခံရတယ်၊ ပင်လုံမှာလုပ်တာရော၊ ကာလိမှာလုပ်တာရော၊ ကျောက်မဲ မှာလုပ်တာရော၊ တာချီလိတ်မှာလုပ်တာရော၊ အဲဒီလိုတားဆီးတဲ့အတွက်ကြောင့်မို့ လူထုတွေ့ဆုံပွဲကို လွတ်လွတ် လပ်လပ် မလုပ်ဆောင်နိုင်ခဲ့ဘူး၊ ပြည်သူလူထုရဲ့သဘောထားကို မစုစည်းနိုင်ခဲ့ဘူး၊ အကြိုဆွေးနွေးပွဲကိုလည်း မလုပ်နိုင်တော့ လင်းခေးမှာလုပ်ဖို့ ကိစ္စက လူထုသဘောထားတွေ မပါဝင်နိုင်တာမို့ ရက်ရွှေ့လိုက်တာပေါ့"
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ အချက်အရ အခုလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လူထုတွေ့ဆုံပွဲ ကျင်းပဖို့ဆိုတဲ့ အချက်ကို ထည့်သွင်းထားပြီး NCA မှာ လက်မှတ်ထိုးထားပြီးဖြစ် တဲ့ RCSS/SSA က ဦးဆောင်ကျင်းပရမှာလည်း ဖြစ်ပါတယ်။
အခုလို လူထုတွေ့ဆုံပွဲ အကြိုဆွေးနွေးပွဲတွေကို ရှမ်းပြည်နယ်ထဲက မြို့နယ် ၁၄ ခုတို့မှာ ပြီးခဲ့တဲ့ဒီဇင် ဘာလ ၁၇ ကနေ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
တပ်မတော်က နည်းလမ်းမျိုးစုံနဲ့ ဟန့်တားတာတွေကြောင့် လူထုသဘောထားအမှန်ကို ထုတ်ဖော် တင်ပြဆွေးနွေး ခွင့် မရခဲ့ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
အဲဒီလိုတားဆီးခံရမှုတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ စာရေးသား တင်ပြပြီးညှိနှိုင်းခဲ့သလို RCSS/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး စိုင်းငင်းကလည်း ရန်ကုန်နဲ့ နေပြည်တော်တို့မှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေ၊ တပ်မတော်ကိုယ်စားလှယ်တို့နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ က နေ ၃ဝ ရက်နေ့ အထိ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။