စစ်ကိုင်းနဲ့ မကွေးက ဒေသခံ ၁၆ ဦးကို အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ချမှတ်

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတရားရုံးတွေကနေ မတ်လ ၂၃ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် လေးနှစ်ကနေ ၁၀ နှစ်အထိ အသီးသီးချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတရားရုံးတွေကနေ မတ်လ ၂၃ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် လေးနှစ်ကနေ ၁၀ နှစ်အထိ အသီးသီးချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအတွက် ဝါဒဖြန့်ချိပေးနေတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ စစ်ကိုင်းတိုင်း က ၁၉ ဦးနဲ့ မကွေးတိုင်းက တစ်ဦး စုစုပေါင်း ဒေသခံ ၂၀ ဦးကို ထောင်ဒဏ်ချမှတ်တာမှာ အဲဒီထဲက ၁၆ ဦးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ချမှတ်ခံရတာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အမျိုးသားလေးဦး၊ တန့်ဆည်မြို့နယ်က အမျိုးသား လေးဦး၊ ဘုတလင်မြို့နယ်က တစ်ဦး၊ အရာတော်မြို့နယ်က နှစ်ဦး၊ ကနီမြို့နယ်က လေးဦးနဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်က တစ်ဦးကို စစ်ကောင်စီတရားရုံးတွေကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(ည)၊ ၅၁(ဂ)၊ ၅၂(က)၊ ၅၂(ခ) တွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

နောက်ထပ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က တစ်ဦးနဲ့ တန့်ဆည်မြို့နယ်က သုံးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ သုံးနှစ်အထိ ချက်မှတ်ခဲ့ပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူအားလုံးက အမျိုးသားတွေပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၂၄ ရက်နေ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၁၆,၉၇၈ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲက ၅၂၀၆ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org