မြောက်ဦးမြို့နယ် ဆူပူမှုမှ ၃ ဦး ထောင်ဒဏ် ၁၀ နှစ်စီ စီရင်ခံရ

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေ နဲ့ဆက်စပ်ပြီး ထိမ်းသိမ်းခံထားရတဲ့ ယိုင်သည်ကျေးရွာနေ ရခိုင်တိုင်းရင်းသား ၈ ဦးထဲက ၅ ဦးကို စစ်တွေခရိုင်တရားရုံး က ဒီကနေ့ လွှတ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခများကြောင့် မြောက်ဦးမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ မှီခိုနေကြတဲ့ ထွက်ပြေးတိမ်းရှောင် လာကြတဲ့ တိုင်းရင်းသားဒုက္ခသည်များကိုတွေ့ရစဉ် Photo: RFA/Min Thein Aung

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ထိမ်းသိမ်းခံထားရတဲ့ ယိုင်သည်ကျေးရွာနေ ရခိုင်တိုင်းရင်းသား ၈ ဦးထဲက ၅ ဦးကို စစ်တွေခရိုင် တရားရုံးက ဒီကနေ့ လွှတ်ပေးလိုက်ပြီး ၃ ဦး ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရတဲ့ ၃ ဦးမှာ ၂ ဦးကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး ကျန် ၁ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အသီးသီးချမှတ် လိုက်တယ်လို့  အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ယိုင်သည်ရွာ အခင်းဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ၅ ဦးကို အပြစ်မရှိဘူးလို့ တရားသေလွှတ်တဲ့အမှုကို ချမှတ်ခဲ့ပါတယ်၊ မောင်သိန်းနဲ့ မောင်ကျော်လှိုင် တို့ကိုတော့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃ဝ၂ အရ အလုပ်နဲ့ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ပါတယ်၊ နောက် မီးရှို့မှုနဲ့ စွပ်စွဲထားတဲ့အမှုမှာတော့ ဦးစောဖြူကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တယ်ဆိုတဲ့အကြောင်း နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်”

မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ယိုင်သည်၊ လေးမြို့စား၊ သံရှင်ပြင်စတဲ့ ကျေးရွာတွေက ဒေသခံ ၈ ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မိသားစုတွေက ဆန္ဒရှိမယ်ဆိုရင် အခုချမှတ်တဲ့ ပြစ်ဒဏ်တွေအတွက် အထက်တရားရုံးကို အယူခံဝင်ရောက်သွားဖို့ ရှိတယ်လို့လည်း အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org