မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ် ကန်လွှတ်တော် အတည်ပြု
သမ္မတ Barack Obama ဘရတ် အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့အဆိုပြုခဲ့တဲ့ Scot Alan Marciel ကို အမေရိကန်အထက်လွှတ်တော်မှာ ကန့်ကွက်သူမရှိ မနေ့က အတည်ပြုလိုက်ပါတယ်။
-
2016-02-09 -
-
-
သမ္မတ Barack Obama ဘရတ် အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့အဆိုပြုခဲ့တဲ့ Scot Alan Marciel ကို အမေရိကန်အထက်လွှတ်တော်မှာ ကန့်ကွက်သူမရှိ မနေ့က အတည်ပြုလိုက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ရဲ့နေရာမှာတာဝန်ယူမယ့် Mr. Marciel ဟာ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တူရကီ၊ ဘရာဇီးလ် နဲ့ ဟောင်ကောင်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂ဝ၁၃ ခုနှစ်က စတင်ကာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။
မနေ့က မဲခွဲဆုံးဖြတ်ချင်းမပြုမီမှာ အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Mr. Mitch McConnell က ကာလရှည်ကြာ အခက်အခဲတွေကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲနိုင် ခဲ့တာဟာ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပါပဲလို့ ပြောကြားရင်း မြန်မာနိုင်ငံက ထွက်ခွာတော့မယ့် သံအမတ် Derek Mitchell ရဲ့ စွမ်းဆောင်ခဲ့မှုတွေကို ချီးကျူးကာ သံအမတ်သစ် Scot Alan Marciel ကိုကြိုဆိုလိုက်ပါတယ်။