စာသင်ကျောင်း ၃၉ ကျောင်း တိုက်ပွဲများကြောင့် ပိတ်ခဲ့ရ
ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စစ်ရေးအခြေအနေတွေကြောင့် အခြေခံ ပညာ စာသင်ကျောင်း ၃၉ ကျောင်း မဖွင့် လှစ်နိုင်ဘူးလို့ ကချင်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားလိုက်ပါတယ်။
-
2014-06-29 -
-
-
ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စစ်ရေးအခြေ အနေတွေကြောင့် အခြေခံပညာ စာသင်ကျောင်း ၃၉ ကျောင်း မဖွင့်လှစ်နိုင်ဘူးလို့ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားလိုက် ပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် မဖွင့်လှစ်နိုင်တာဖြစ်တယ် လို့ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုပါတယ်။
"တစ်ပြည်နယ်လုံးမှာ ဆိုလို့ရှိရင် အစိုးရထိန်းချုပ်တဲ့ နယ်မြေမှာ အခုစစ်ကြောင့် ပိတ်ရတဲ့ကျောင်းပေါ့နော် ၃၉ ကျောင်းရှိတယ်၊ ကျမတို့ ခါတိုင်းခန့်မှန်း တွက်ထားတာဆို ကျေုာင်းသားပေါင်း ၂၀၀၀၀ နီးပါးရှိတယ်၊ သူတို့က နယ်မြေရှောင်တိမ်း လာတဲ့ အခါကျတော့ IDP ကမ့်တွေကို ရောက်သွားကြတယ်လေ ရွာသားတွေလည်း မရှိကြတော့တဲ့အခါ ကျတော့ ကျောင်းကလည်း အလိုလို ပိတ်သွားတဲ့ ပုံစံဖြစ်တယ်"
ပိတ်ထားရတဲ့ စာသင်ကျောင်းတွေဟာ မိုးမောက်၊ ဝိုင်းမော်၊ ချီဖွေ၊ မန်စီ၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ဖားကန့် စတဲ့မြို့နယ်တွေမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ဇွန်လ ၉ရက် နေ့ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရနဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူဦးရေ တစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။