အစာငတ်ခံ ဆန္ဒပြသူ အလုပ်သမားနှစ်ဦး ဆေးရုံတင်ရ

ရန်ကုန်တိုင်း လှိုင်သာယာ ငွေပင်လယ် စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အခုလ ၂၇ ရက်နေ့ ညက စတင်အစာ ငတ်ခံဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမား ၁၆ ဦးထဲက အမျိုးသမီးနှစ်ဦး ဒီကနေ့ မူးလဲသွားတဲ့အတွက် လှိုင်သာယာဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၂၇ ရက်နေ့ညကစတင်ပြီး အစာအငတ်ခံဆန္ဒပြနေတဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားများကိုတွေ့ရစဉ် photo: RFA/ Nay Myo Htun

ရန်ကုန်တိုင်း လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန် စံကောင်း ပီနံအိတ်စက်ရုံမှာ အခုလ ၂၇ ရက်နေ့ ညက စတင်အစာငတ်ခံဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမား ၁၆ ဦးထဲက အမျိုးသမီးနှစ်ဦး ဒီကနေ့ မူးလဲသွားတဲ့အတွက် လှိုင်သာယာဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

ရက်သတ္တနှစ်ပတ်ကျော်ကြာလာတဲ့အထိ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောသေးတဲ့အတွက် လုပ်သားတစ်ထောင်ကျော်လောက် လုပ်ငန်းခွင်မဝင်ကြပဲ ဆန္ဒပြနေကြပြီး လုပ်သား ၁၆ ယောက် အစာငတ်ခံဆန္ဒပြနေရာမှာ အလုပ်သမနှစ်ဦး အခုလို မူးလဲသွားကြတာလို့ ဆန္ဒပြလုပ်သားတစ်ဦးဖြစ်တဲ့ ကိုအောင်ကိုဦးက RFA ကိုပြောပါတယ်။

"သူတို့က မလိုက်လျောနိုင်ဘူးဆိုတာ ငွေရေးကြေးရေးတို့ ခုနက ကျနော်တို့တောင်းဆိုတဲ့ အလုပ်သမားတစ်ယောက်ကို ဝန်ခံကတိထိုးရင်ပဲဖြစ်ဖြစ်၊ သမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ဘက်က တောင်းဆိုတာကို သူတို့ဘက်က မလိုက်လျောနိုင်ဘူး ပြောလိုက်တယ်ခင်ဗျ၊ သူတို့ဘက်က အုပ်ချုပ်ရေးပိုင်းကို ဝင်မစွတ်နဲ့ဆိုပြီးတော့ အဲဒီအချက်ကိုသူတို့ဘက်က လက်မခံဘူးလို့ပြောပါတယ်"

အလုပ်သမားဝန်ကြီးဌာန အလုပ်သမား၊ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကတော့ ဆန္ဒပြကြတဲ့သူတွေအနေနဲ့ အလုပ်ရှင်အပေါ် တောင်းဆိုပိုင်ခွင့်ရှိတယ်ဆိုပေမယ့် ဥပဒေအတိုင်းလုပ်ကြဖို့ မနေ့ကပြုလုပ်တဲ့ လှိုင်သာယာစက်မှုဇုန် အစည်းအဝေးပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီစက်ရုံအလုပ်သမားတွေအနေနဲ့ တောင်းဆိုချက်တွေမရမချင်း အလုပ်မဆင်းကြပဲ ဆက်လက် ဆန္ဒပြတောင်းဆိုသွားကြမယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org