ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် အခမ်းအနား

ရွှေဝါရောင် အရေးအခင်းကာလက စည်းလုံးမှုမျိုးနဲ့ဆိုရင် ဘာမဆိုရင်ဆိုင်နိုင်တဲ့အတွက် ရွှေဝါရောင် သံဃာတော်တွေအနေနဲ့ အမှန်တရားအတွက် ရှေ့ကနေဆက်လက်ရပ်တည်ပေးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းနိုင်က ဒီနေ့ လျှောက်ထားခဲ့ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူတွေအတွက် စက်တင်ဘာလ ၂၅ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ မေတ္တာပို့ဆုတောင်းနေပုံ Photo: Thant Zin Oo/ RFA

ရွှေဝါရောင် အရေးအခင်းကာလက စည်းလုံးမှုမျိုးနဲ့ဆိုရင် ဘာမဆိုရင်ဆိုင်နိုင်တဲ့အတွက် ရွှေဝါရောင် သံဃာတော်တွေအနေနဲ့ အမှန်တရားအတွက် ရှေ့ကနေဆက်လက်ရပ်တည်ပေးကြဖို့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းနိုင်က ဒီနေ့ လျှောက်ထားခဲ့ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းမှာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော် လှန်ရေး ၁၀ နှစ်ပြည့် အခမ်းအနားမှာ တက်ရောက်လာတဲ့ ရွှေဝါရောင်သံဃာတွေကို ကိုမင်းကိုနိုင်က လျှောက်ထား ခဲ့တာဖြစ်ပါတယ်။

အဲဒီအခမ်းအနားမှာ ရွှေဝါရောင်ဆရာတော်တွေက ရွှေဝါရောင်အရေးအခင်းရဲ့ တောင်းဆိုချက်တွေ အခုထိ မပြည့်သေးဘူးလို့ မိန့်ခဲ့ကြပြီး ပြည်သူလူထုအကျိုးအတွက် လိုအပ်တဲ့အချိန်မှာ ပြည်သူနဲ့အတူ တသားတည်း ရှိနေတယ်လို့လည်း မိန့်ကြားခဲ့ကြပါတယ်။

အခမ်းအနားအပြီးမှာ ရွှေဝါရောင်သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ်က ကြေးသွန်းဘုရားကြီးရှေ့မှာ စုရပ်လုပ်ပြီး ရွှေတိဂုံစေတီတော်ပေါ်ကို မေတ္တာပို့ရင်း ချီတက်ခဲ့ပေမယ့် အရှေ့ဘက် မုဒ်ဦးကို ရန်ကုန်တိုင်းအစိုးရရဲ့ ခွင့်ပြုမိန့် ရှိ မရှိ မသိသေးလို့ဆိုပြီး ၁နာရီကျော်လောက် တားဆီးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လာရောက်ရှင်းလင်းပြီးနောက် ဘုရားပေါ်တက်ရောက်ခွင့်ရခဲ့ရာ ရွှေဝါရောင်အရေးအခင်းကာလအတွင်း ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေ ရဟန်းရှင်လူတွေအတွက် အောင်မြေမှာ မေတ္တာပို့ဆုတောင်းပြီး အမျှပေးဝေခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org